top of page

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း

Myanmar Witness

27 Sept 2022

Report Published:

5.png
4.png
3.png

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း

Myanmar Witness

၂၀၂၂ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်။


ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မဒပ်ကျေးရွာတွင် အရပ်သား(ကလေး)တစ်ဦး မခွဲခြားပဲတိုက်ခိုက်ခံရမှု ဖြစ်ပွားခြင်း။


[ရုပ်ပုံသတိပေးချက်]

၂၀၂၂ ခုနှစ် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် မိသားစုများ နံနက်စာစားနေစဉ် စစ်တပ်မှ (မဒပ်) ကျေးရွာအား လက်နက်ကြီးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ထိုတိုက်ခိုက်မှုတွင် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၎င်း၏မိခင်တို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ ကလေးငယ်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး ခြေလက်တွေ ဆုံးရှုံးခဲ့တယ်လို့ သိရပါသည်။


ပုံ 1- ပုံနှစ်ပုံတွင် ကလေးဝတ်ဆင်သည့် အဝတ်အစားများကို နှိုင်းယှဉ်ထားခြင်း။


မင်းတပ်မြို့နယ်ရှိ မင်းတပ်မြို့ အမှတ် ၂၇၄ ခြေမြန်တပ်ရင်းမှ ယနေ့နံနက်ပိုင်းတွင် အရပ်သားနယ်မြေများသို့ အမြောက်ကျည်များဖြင့် ပစ်ခတ်မှုတွင် တာဝန်ရှိကြောင်း သတင်းမီဒီယာများကဆိုသည်။


ပုံ ၂- မေလ ၁၅ ရက်နေ့တွင် တင်ထားသော ခမရ ၂၇၄ အခြေစိုက်စခန်းတွင် တပ်စွဲထားသော ယာဉ်တန်း။


Myanmar Witness သည် အဖြစ်အပျက်နှင့်ပတ်သက်သော open-source ဗီဒီယိုများကို စုဆောင်း ခွဲခြမ်းစိတ်ဖြာပြီး အောက်ပါအတိုင်း ကောက်ချက်ချခဲ့ပါသည်။


၁။ မဒပ်ကျေးရွာတွင်ရိုက်ကူးထားသော ဒဏ်ရာရရှိသွားသော ကလေးငယ်၏ ဗီဒီယိုဖိုင်ကို Myanmar Witness မှ အပြည့်အဝ အတည်မပြုနိုင်ပါ။ သို့သော် ဒဏ်ရာအပြင်းအထန်ရခဲ့သည့် ကလေးအား ဆေးကုသရန် ပို့ဆောင်ခဲ့သည့် ဗီဒီယိုဖိုင်နှင့်ကိုက်ညီသည့် မဒပ်ကျေးရွာနှင့် မင်းတပ်မြို့နယ်တို့၏ ဖြစ်နိုင်သောနေရာများကို ဖော်ထုတ်တွေ့ရှိခဲ့သည်။


ပုံ 3- ဤစုံစမ်းစစ်ဆေးမှုအတွင်း ဖော်ထုတ်ထားသော နေရာများ၏မြေပုံ။


၂။ ကလေးငယ်၏ဒဏ်ရာများ မည်ကဲ့သို့ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးရန် တိုက်ခိုက်ခံရသော သက်သေ အထောက်အထား မတွေ့ရသေးသော်လည်း ကလေး၏နေအိမ်ဟု ဆိုထားသော အဆောက်အဦးအပြင်ဘက် နံရံနှင့်ကြမ်းပြင်တွင် သွေးစွန်းထင်းနေပုံအရ ကလေးထိမှန်ခံရ သည်ဟုဆိုသောနေရာကို Myanmar Witness မှ အတည်ပြုနိုင်ခဲ့သည်။


ပုံ 4- (ဘယ်ဘက်) မူရင်းဓာတ်ပုံများ; (ညာဘက်) နံရံပေါ်နှင့် အနီးအနားတွင်ရှိသော သွေးစွန်းထင်းမှုများကို ပြသရန် ပန်းခရမ်းရောင်ဖြင့် ပြုပြင်ထားသော ဓာတ်ပုံများ။ Myanmar Witness သည် အဆိုပါပုံများနှင့် မဒပ်ရွာရှိ တည်နေရာတစ်ခု၏ အခြားပုံများကို နေရာသတ်မှတ်အတည်ပြုခဲ့သည်။


၃။ ပစ်ခတ်မှုအပြီးတွင် မဒပ်ကျေးရွာတွင် တွေ့ရှိရသည့် ခဲယမ်းမီးကျောက် ဗီဒီယိုမှတ်တမ်းများသည် မြန်မာစစ်တပ်မှ အသုံးပြုသည့် 120 မီလီမီတာ အမြောက်ကျည်များနှင့် ကိုက်ညီသည်ဟု သိရသည်။


ပုံ 5- စစ်တပ်မှ မဒပ်ကျေးရွာဘက်သို့ ပစ်ခတ်ခဲ့သော ခဲယမ်းမီးကျောက်များ၏ အကြွင်းအကျန်များဟု ပြောဆိုထားသော Myanmar Witness ထံ ပေးအပ်ထားသောဓာတ်ပုံများ။


ပုံ 6- 120 မီလီမီတာ အမြောက်ကျည်ပုံများနှင့် နှိုင်းယှဉ်ထားသော အခင်းဖြစ်ပွားမှုမှကျည်များ (အစိမ်းရောင်ဖြင့် ပြထားသည်) ဟု ပြောဆိုထားသည့် လူမှုမီဒီယာသို့ အပ်လုဒ်လုပ်ထားသည့် ပုံနှစ်ပုံ။


4. စစ်စခန်းတစ်ခုသည် ကျေးရွာအား ပစ်ခတ်တိုက်ခိုက်နိုင်သော ဧရိယာအတွင်းတွင် ရှိနေကြောင်း Myanmar Witness က စစ်ဆေးတွေ့ရှိခဲ့ပြီး အခြေစိုက်စခန်းတွင်ရှိနေသည့် မော်တာတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သော်လည်း အဆိုပါ မော်တာပုံသဏ္ဍာန် အမျိုးအစားသည် ထိုဧရိယာအတွင်း ပစ်ခတ် ရောက်ရှိနိုင်သည့် အခြေအနေရှိမရှိ အတည်မပြုနိုင်ပါ။


ပုံ 7- ခမရ ၂၇၄ စစ်စခန်းရှိ စစ်ယာဉ်တန်းနှင့် အဖြူရောင် စက်ဝိုင်းနှစ်ခုဖြင့်ပြထားသော အရာဝတ္ထုများ၏ ပစ်ခတ်နိုင်မှု အနေအထားများ။


ပုံ ၈- ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ခမရ ၂၇၄ စစ်အခြေစိုက်စခန်း၏ ဂြိုလ်တုဓာတ်ပုံများ။ အမြှောက်နှင့် မော်တာကျည်တို့သည် အခင်းဖြစ်ပွားပြီးနောက် အနေအထားတစ်ခုတွင် ရှိနေပုံရသည်။ ဤပုံကို Myanmar Witness မှ တည်းဖြတ်ထားပြီး တောက်ပမှု၊ ခြားနားမှုနှင့် အလင်းဝင်မှုတို့ကို မြှင့်တင်ထားသည်။ နောက်ထပ် ပြုပြင်ပြောင်းလဲမှု မပြုလုပ်ခဲ့ပါ။


ဤဖြစ်ရပ်သည် အာဏာသိမ်းပြီးကတည်းက အရပ်သားဒေသများတွင် ခွဲခြားခြင်းမပြုပဲ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုထားသော Myanmar Witness မှ စောင့်ကြည့်လေ့လာသုံးသပ်မှု များစွာထဲမှ တစ်ခုဖြစ်သည်။ ကျေးရွာအများအပြားတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ လုံလောက်စွာမရရှိသောကြောင့် ယင်းကဲ့သို့ ကျေးရွာများကိုတိုက်ခိုက်ခြင်းမှာ အထူးစိုးရိမ်စရာ ဖြစ်ပါသည်။


အစီရင်ခံစာအပြည့်အစုံကိုဖတ်ရှုရန်နှင့် OSINTစုံစမ်းစစ်ဆေးသူများ အသုံးပြုသည့်နည်းပညာ များကို အသေးစိတ်လေ့လာနိုင်ရန် အင်္ဂလိပ်ဘာသာ အစီရင်ခံစာအပြည့်အစုံကို ဒေါင်းလုဒ်လုပ်ပါ။


uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

JOIN OUR MAILING LIST

Subscribe to our emails for in-depth reports, event invites and our monthly round-up newsletter.
Which emails would you like to recieve?

Myanmar Witness is implemented via the Centre for Information Resilience

©2021 Myanmar Witness

Privacy & Legal

bottom of page