top of page

ကောင်းကင်ပေါ်မှမျက်လုံးများ

Myanmar Witness

31 Jan 2023

Report Published:

5.png
4.png
3.png

ကောင်းကင်ပေါ်မှမျက်လုံးများ

Myanmar Witness

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်သည်။

 

လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံရှိ နေ့စဉ်လူနေမှုဘဝအပေါ် ကျရောက်နေသောအန္တရာယ်နှင့် ဆက်လက်ဖြစ်တည်နေသော သက်ရောက်မှုများ

  

စီမံကိန်း၏အဓိကအချက်အလက်များ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်သည် နိုင်ငံရေး အတိုက်အခံများကို အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး ရွာများကိုမီးရှို့ကာ အရပ်သားများအပေါ် အတိုင်းအဆမညီသော အကြမ်းဖက်မှုများကို အသုံးပြုခဲ့သည်။ မြန်မာစစ်တပ်သည် ခုခံနယ်မြေများကို ထိန်းချုပ်ရန် ရုန်းကန်နေရချိန်၌ လေကြောင်းတိုက်ခိုက်မှုများသည် ၎င်းတို့ထိုးစစ်၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ Myanmar Witness ၏ ဤအစီရင်ခံစာသည် မြန်မာစစ်တပ်၏ အသွင်အပြင်ကို ထိုးထွင်းသိမြင်နိုင်စေသည်။

 

အင်္ဂလိပ်ဘာသာ အစီရင်ခံစာအပြည့်အစုံကို ဖတ်ရန် PDF ကို ဒေါင်းလုဒ်လုပ်ပါ။

ပုံ- AWIs မြေပုံကို လအလိုက် အရောင်ဖြင့် ပိုင်းခြားထားသည်။ အများဆုံးစုစည်းမှုသည် စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိသည်။ QGIS ဖြင့် ဖန်တီးထားသောမြေပုံ။

 

အရေအတွက် လေ့လာမှုတစ်ခုမှတစ်ဆင့် Myanmar Witness သည် စုံစမ်းစစ်ဆေးပြီး ခြောက်လတာကာလအတွင်း လေကြောင်းစစ်ပွဲဖြစ်ပွားမှု ၁၃၅ ခု (AWIs) ကို ဖော်ထုတ်ခဲ့သည်။ ဖြစ်ရပ်တစ်ခုစီသည် လေကြောင်းတိုက်ခိုက်မှုတစ်ခုထက်ပို၍ သေချာသလောက်နီးပါး ကိုယ်စားပြုနေသောကြောင့် မြန်မာ့စစ်တပ်၏ လေကြောင်းစစ်ပွဲသည် မြန်မာပြည်သူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို လျင်မြန်စွာ ဖျက်ဆီးနေသည်မှာ ထင်ရှားပါသည်။ လေကြောင်းတိုက်ခိုက် မှုများသည် နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။

 

လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်များ၏ အစီရင်ခံစာများသည် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် အမြင့်ဆုံးဖြစ်သည်။ ဤအစီရင်ခံစာအတွက် ဒေတာစုဆောင်းကာလသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကုန်ဆုံးသော်လည်း၊ ဤလအတွင်း ဖြစ်ပွားမှုအရေအတွက်သည် ပျမ်းမျှထက် ကျော်လွန်နေပါသည်။ ဒေတာစုဆောင်းမှု ဆက်လက်ပြုလုပ်ပါက ဖြစ်စဉ်အရေအတွက်သည် ဆက်လက်တိုးလာဦးမည်ဟု Myanmar Witness က ယုံကြည်သည်။

 

Camp Victoria တွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် Myanmar Witness ၏ ဆက်လက်စောင့် ကြည့်မှုများနှင့်အတူ လေကြောင်းတိုက်ခိုက်မှု အဖြစ်အပျက်များသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်၍ တိုးလာကြောင်း ညွှန်ပြနေသည်။

 

ပုံ- လေကြောင်းတိုက်ခိုက်မှုပြီးနောက် Camp Victoria ရှိ အဆောက်အအုံများ ပျက်စီးခဲ့ပူု။

  

လေကြောင်း တိုက်ခိုက်မှုအဖြစ်အပျက် အမြင့်ဆုံးနယ်မြေများသည် မြန်မာစစ်တပ်ကို ခုခံသော နယ်မြေများနှင့် ဆက်စပ်နေသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် လေကြောင်းတိုက်ခိုက်မှု အရေအ တွက် အများဆုံးဖြစ်ပြီး နောက်တွင် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် သိသာသည့် တက်ကြွသော ဒေသန္တရကာကွယ်ရေး တပ်ဖွဲ့များရှိသည်။

 

ပုံ- Myanmar Witness မှပုံဖော်ထားသော AWIs ၏ ပထဝီဝင်ပိုင်းခြားပုံ (အရေအတွက်နှင့် အချိုးအစား) ကိုပြသသည့် အဝိုင်းပုံဇယား။ ပုံကို Google Sheets ဖြင့် ဖန်တီးထားသည်။

 

အနည်းဆုံးသုံးကြိမ်တွင် မြန်မာစစ်တပ်သည် အိမ်နီးချင်းနိုင်ငံများ၏ လေကြောင်းပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့ပြီး နှစ်ကြိမ်တွင်အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ ပိုင်နက်အချုပ်အခြာအာဏာကို ထိပါးခဲ့သည်။

 

ဤစုံစမ်းစစ်ဆေးမှုတွင် မြန်မာစစ်တပ်သည် ၎င်း၏နေ့စဉ်နီးပါး တိုက်ခိုက်မှုများအတွက် နိုင်ငံရပ်ခြားမှ ထုတ်လုပ်သော ရုရှား သို့မဟုတ် တရုတ်လေယာဥ်များကို မှီခိုအားထားနေရကြောင်း ဖော်ပြသည်။ ရုရှားမှထုတ်လုပ်သော Mi-35 သည် Myanmar Witness၏ လေကြောင်းတိုက်ခိုက်မှု အစီရင်ခံစာများအတွင်း အမြင်ရဆုံးလေယာဉ်ဖြစ်သည်။

 

 

ပုံ- တောင်ကလေးကျေးရွာ တိုက်ခိုက်ခံရမှုမှ ရဟတ်ယာဉ်တစ်စင်း။ ရဟတ်ယာဉ်ကို Mi-35 လို့ သတ်မှတ်ပြီး ပစ်ခတ်နေတာကို တွေ့မြင်ရပါတယ် (Source: Facebook)။

 

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ AWIs ၏ မှတ်မှတ်ထင်ထင် ဖြစ်ရပ်မှန်လေ့လာမှုငါးခုကို စူးစမ်းလေ့လာခြင်းမှတစ်ဆင့် ပြုလုပ်ခဲ့သော အရေအတွက်လေ့လာမှုအပေါ် အခြေခံထားသည်။ Myanmar Witness သည် အဆိုပါ လေကြောင်းတိုက်ခိုက်မှု၏ လူသားတို့အပေါ် အကျိုးသက်ရောက် မှုကို ထုတ်ဖော်ပြသရန် ကြိုးပမ်းမှုတွင် အဆိုပါဖြစ်ရပ်များကို ဖော်ထုတ်ခြင်း၊ အတည်ပြုခြင်း၊ ခွဲခြမ်းစိတ်ဖြာပြီး အစီရင်ခံခဲ့ပါသည်။

 

၎င်းတို့လေကြောင်းစစ်ပွဲ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာစစ်တပ်မှပြုလုပ်သော တိုက်ခိုက်မှုများသည် ကျောင်းများ၊ ဆေးဘက်ဆိုင်ရာအဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ နေရာများနှင့်၊ ဤလေ့လာမှုတွင်ပါဝင်သော အရပ်သားနေအိမ်များနှင့် အခြေခံအဆောက်အအုံများကို ထိခိုက်ခဲ့ခြင်းစသည့် ဖြစ်ရပ်လေ့လာမှုအားလုံးပါဝင်သည်။

 

ပုံ- အနီရောင်အမိုးမိုးထားသော ဆေးခန်းနှင့် လူနေအိမ်အဆောက်အအုံများ ပျက်စီးသွားသည့်နေရာကို ပြသထားသည့် ဒေါပါပကျေးရွာ၏ ပထဝီဝင်တည်နေရာပုံ။

 

 

ပုံ- လက်ယက်ကုန်းကျေးရွာရှိ ပျက်စီးသွားသော ကျောင်းအဆောက်အအုံ၏ တည်နေရာ။

 

ရက်စွဲအပိုင်းအခြားများပါဝင်သော ဖြစ်ရပ်လေ့လာမှုများတွင် အောက်ပါနေရာများပါဝင်သည် - 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် - ၂၀၂၂ခုနှစ် သြဂုတ်လ ၁၁ ရက်

  • ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ - ၂၀၂၂ခုနှစ် သြဂုတ်လ ၉ ရက်

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် - ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁၆ရက်

  • မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် - ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၂ရက်

  • ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ် - ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ

 

ပုံ- ဤအစီရင်ခံစာတွင် လေ့လာခဲ့သော ဖြစ်ရပ်လေ့လာမှုများ၏ တည်နေရာ။ QGIS ဖြင့် ဖန်တီးထားသောမြေပုံ။

 

စူးစမ်းလေ့လာမှုများတွင် မြန်မာစစ်တပ်၏ အပြုအမူအတွက် ကြိုတင်ကာကွယ်မှု (proactive) နှင့် လက်တုံ့ပြန်ခြင်း (reactive) ရှုထောင့်နှစ်ခုလုံးကို ဖော်ထုတ်ခဲ့သည်။ လက်လှမ်းမီရန် ခဲယဉ်းသော ဧရိယာများကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်မှုများသည် EAO ထိန်းချုပ်မှုရှိသော နယ်မြေများ (ဥပမာ Camp Victoria ကဲ့သို့)တွင် ဆက်လက်အာရုံစိုက်လုပ်ဆောင် နေပါသည်။ အခြားတစ်ဖက်တွင် မြေပြင်တပ်များ၏ထိုးစစ်များ (မကြာခဏဆိုသလို မီးအသုံးပြုခြင်းနှင့်အပြိုင်) ပါ၀င်သော တုံ့ပြန်တိုက်ခိုက်မှုများသည် PDF နှင့် EAO တို့နှင့် ပဋိပက္ခဖြစ်ပွားရာဒေသများကို ပစ်မှတ်ထားပုံပေါ်သည်။

 

ပုံ- [ထိပ်ဆုံးပုံ] ကုန်းသာတိုက်ခိုက်ခံရသည်ဟု ဆိုသည့်နေ့မှစ၍ ကုန်းသာဒေသရှိ ရဟတ်ယာဉ်နှစ်စင်းကို သရုပ်ပြထားသည့် ဗီဒီယိုမှတ်တမ်း။ Myanmar Witness သည် အစောပိုင်းက အွန်လိုင်းတွင် ဖော်ပြခဲ့သော ဤဗီဒီယိုဖိုင်ကို ရှာမတွေ့ပါ။ (Source: Private)။ [အောက်ပုံ] ကုန်းသာ တိုက်ခိုက်ခံရကြောင်း ပြသသည့် ဗီဒီယိုဖိုင်၊ ဗီဒီယိုသည် ထိုဧရိယာရှိ ရဟတ်ယာဉ်နှစ်စင်းကို တူညီသောတည်နေရာမှ (သို့မဟုတ်) အနီးတွင် ရိုက်ကူးထားသည်။ (သတင်းအရင်းအမြစ်- ပြည်သူ့နွေဦး)။

 

မြန်မာစစ်တပ်၏ ကောင်းကင်ယံကို လွှမ်းမိုးချုပ်ကိုင်ခြင်းသည် ခြိမ်းခြောက်ခြင်းနှင့် အကြောက်တရားကို ဖော်ဆောင်ရန်နည်းလမ်း တစ်ခုလည်းဖြစ်ပြီး အထူးသဖြင့် လေကြောင်းတုံ့ပြန်နိုင်စွမ်းမရှိသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့်အခါတွင်လည်း ခြိမ်းခြောက်ခြင်း နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခြင်းလည်းဖြစ်သည်။

 

Myanmar Witness သည် လေကြောင်းတိုက်ခိုက်မှုများနှင့် ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းများကို တူညီသောဗျူဟာမြောက် ဒင်္ဂါးပြား၏ နည်းဗျူဟာနှစ်ရပ်အဖြစ် ရှုမြင်သည်။ ဤနည်းပရိယာယ် နှစ်ခုသည် သီးခြားဖြစ်သော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် အတိုက်အခံများကို ချေမှုန်းရန် လုပ်ဆောင်ကြပြီး ပိုမိုကြီးမားသော မဟာဗျူဟာမြောက်ပန်းတိုင်ကို တက်လှမ်းနေကြသည်။ ရည်ရွယ်ချက်ရှိရှိ မီးအသုံးပြုခြင်းများအား Myanmar Witness ၏ ရှေ့လာမည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ပုံ- [ထိပ်ဆုံးပုံ] ရင်ပေါင်တိုင်ကျေးရွာ၊ ပထဝီဝင်တည်နေရာ- 22.071472, 94.791664.

 [အောက်ပုံ] Myanmar Witness မှ စုဆောင်းခွဲခြမ်းစိတ်ဖြာထားသော UGC ၏ အရပ်ဘက်အခြေခံ အဆောက်အအုံများနှင့် ဘုရားပုထိုးများ ပျက်စီးယိုယွင်းမှုကိုပြသသောပုံ (source: Myanmar Now and မြေလတ်အသံ - Myaelatt Athan)။

 

ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ လေကြောင်းတိုက်ခိုက်မှုများ အဖြစ်များနေခြင်းကို အလေးပေးဖော်ပြပြီး သက်ဆိုင်ရာ ရက်စက်ကြမ်းကြုတ်မှုများ အားလုံးကို အရေးယူနိုင်ရန်အတွက် တာဝန်ရှိသူများကို ဖော်ထုတ်နိုင်စေရန် ကြိုးပမ်းလျှက်ရှိသည်။

 

အင်္ဂလိပ်ဘာသာ အစီရင်ခံစာအပြည့်အစုံကို ဖတ်ရန် PDF ကို ဒေါင်းလုဒ်လုပ်ပါ။


သတိပေးချက်- ဤအစီရင်ခံစာတွင် ဂရပ်ဖစ်အကြောင်းအရာ ပါဝင်ပါသည်။

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

JOIN OUR MAILING LIST

Subscribe to our emails for in-depth reports, event invites and our monthly round-up newsletter.
Which emails would you like to recieve?

Myanmar Witness is implemented via the Centre for Information Resilience

©2021 Myanmar Witness

Privacy & Legal

bottom of page