top of page

ရိုဟင်ဂျာရွာများ (သို့) စစ်ပွဲများ၏ မြေစာပင်

Myanmar Witness

16 Jan 2023

Report Published:

5.png
4.png
3.png

ရိုဟင်ဂျာရွာများ (သို့) စစ်ပွဲများ၏ မြေစာပင်


ဘူးသီးတောင်မြို့နယ်ရှိ တိုက်ပွဲများကြောင့် အရပ်သားများသေဆုံးခြင်း

MYANMAR WITNESS မှ အစီရင်ခံစာ, ၁၆ ဇန်နဝါရီလ ၂၀၂၃


အဓိကဖြစ်စဉ်အသေးစိတ်များ

  • ဖြစ်စဉ် ဖြစ်ပွားရာနေရာ - ဂူဒါပြင်ရွာဝန်းကျင်၊ ဘူးသီးတောင်မြို့နယ်၊ ရခိုင်ပြည်နယ်။ [20.753842, 92.5451042].

  • ဖြစ်စဉ် နေ့စွဲနှင့် အချိန် -

    • ၂၅ ရက် စက်တင်ဘာလ ၂၀၂၂ ခုနှစ် နှင့် ၂၈ အောက်တိုဘာလ ၂၀၂၂ ခုနှစ် ကြားတွင် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ 

  • ကျူးလွန်သူအဖြစ် စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်သူများ -

    • ရက္ခိုင့်တပ်တော် (Arakan Army/AA)

    • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administration Council/SAC)

  • ကောက်နုတ်ချက် -

    • ဂူဒါပြင်ကျေးရွာတစ်ဝိုက်ရှိ ရိုဟင်ဂျာကျေးရွာများအနီးတွင် တိုက်ပွဲများဖြစ်ပွား ခဲ့သည်။ 

    • တိုက်ပွဲများနှင့် ပတ်သက်သော အသုံးပြုသူဖန်တီးသည့်အကြောင်းအရာ (UGC) ကို Myanmar Witness မှ သုံးသပ်စိစစ်ခဲ့သည်။

    • အရပ်သား ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ၎င်းတို့ထဲမှ ငါးဦးကို သုံးသပ်စိစစ်ထားသည့် UGC တွင် တွေ့မြင်နိုင်သည်။ 

    • အရပ်သားတစ်ဦး အသတ်ခံခဲ့ရသည်။ ကွယ်လွန်သူ အရပ်သားကို Myanmar Witness မှ သုံးသပ်စိစစ်ထားသည့် UGC တွင် မြင်တွေ့ရသည်။


အကျဉ်းချုပ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အနီးတဝိုက်တွင် ရက္ခိုင့်တပ်မတော် (AA) နှင့် စစ်ကောင်စီ (SAC) တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် မုဒိမ်းမှုစွပ်စွဲချက်များ၊ နိုင်ငံတကာဥပဒေများကို ချိုးဖောက်မှုမြောက်နိုင်သည့် ကျူးလွန်မှုဖြစ်စဉ်များနှင့်အတူ တိုက်ခိုက်ရေးသမားနှင့် အရပ်သားသေဆုံးမှုဆိုင်ရာ သတင်းပေးပို့ချက် အများအပြား ကို အတည်ပြုဖော်ထုတ်ခဲ့သည်။ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို ပြသနေသည့် UGC ကို Myanmar Witness မှ စစ်ဆေးအတည်ပြုထားပြီးဖြစ်သည်။


Myanmar Witness မှ အတည်ပြုနိုင်ခဲ့သည့် အချက်အလက်များ -

  • ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက် မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်အတွင်း ဂူဒါပြင်ကျေးရွာတွင် တိုက်ပွဲများနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ကို ဆိုရှယ်မီဒီယာပေါ်တွင်လွှင့်တင်ထားသော UGC များကို သုံးသပ်စိစစ်ခြင်းနှင့် ဂြိုလ်တုဓာတ်ပုံများမှတစ်ဆင့် အတည်ပြုနိုင်ခဲ့သည်။

  • ဘူးသီးတောင်မြို့နယ်ရှိ အရပ်သားများ ထိခိုက်ဒဏ်ရာရမှု (သို့) သေဆုံးမှုများကို ပြသနေသည့် ဗီဒီယိုဖိုင် ကို အတည်ပြုနိုင်ခဲ့သည်။ ဒဏ်ရာရသူ ခုနစ်ဦးအနက် ငါးဦးကို တွေ့မြင်နိုင်ပြီး သေဆုံးခဲ့သည့် အရပ်သားတစ်ဦးကို ဗီဒီယိုဖိုင်တွင် တွေ့မြင်နိုင်သည်။



နောက်ခံအကြောင်းအရာ

ရခိုင်ပြည်နယ်သည် မကြာသေးမီနှစ်များအတွင်း ဖြစ်ရပ်ဆိုးများစွာ ဖြစ်ပွားခဲ့သည့် နေရာဖြစ်ပြီး ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ရခိုင်နှင့် ရိုဟင်ဂျာများကြား အဓိကရုဏ်းများ နှင့် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ သတ်ဖြတ်ခံရမှုများမှာ ထိုဖြစ်ရပ်များထဲတွင် ပါဝင်သည် ဖြစ်သည်။


မကြာခဏ ဖြစ်လေ့ဖြစ်ထရှိသော ဓာတ်အားပြတ်တောက်မှုများကြောင့် ပြည်နယ်၏ သတင်းအချက်အလက်စီးဆင်းမှု နှင့်/သို့မဟုတ် UGC များကို နည်းပါးစေခဲ့သည်။ သို့သော်လည်း မကြာသေးမီလများအတွင်းက ရက္ခိုင့်တပ်မတော် (AA) နှင့် စစ်ကောင်စီ (SAC) တို့ကြား တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ဒေသတွင်း အာရုံစိုက်မှု မြင့်တက်လာခဲ့သည်။


ရက္ခိုင့်တပ်မတော်ကို ညီညွတ်သော ရက္ခိုင့်အဖွဲ့ချုပ် (ULA) နှင့်အတူ ဗုဒ္ဓဘာသာ အများစုအဖွဲ့ဝင်အဖြစ် တည်ထောင်ခဲ့သည်။ ၎င်းတို့သည် စစ်ကောင်စီ နှင့် ၂၀၁၁ ခုနှစ်ကတည်းက ပဋိပက္ခဖြစ်ခဲ့သည်။ ၎င်း၏ အဓိက ရည်မှန်းချက်မှာ တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ရခိုင်လူထုအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဆုံးရှုံးသွားသည့် ရခိုင်ပြည်၏ အချုပ်အခြာအာဏာ ပြန်လည်ထူထောင်ရေးတို့အတွက် ဖြစ်သည်။


AA နှင့် စစ်ကောင်စီ တို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းမှ စတင်၍ များသောအားဖြင့် သဘောတူစောင့်ထိန်းခဲ့ကြသော အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တစ်ခု ကို ချုပ်ဆိုခဲ့ကြသည်။


ပဋိပက္ခဖြစ်ပွားရာ နေရာများအား ဖော်ပြထားသည့် ဘူးသီးတောင်မြေပုံ

Gu Dar Pyin (Gudam Fara) ဂူဒါပြင် 20.7533702 92.5451889

Thayet Taung သရက်တောင် 20.7615299 92.5440826

Kyauk Sar Taing (Su see) ကျောက်စာတိုင် (စုစည်း) 20.7494297 92.5286483

Hpoe Khaung Chaung ဖိုးခေါင်ချောင်း 20.7396297 92.5642395


ပုံ (၁) - ပဋိပက္ခဖြစ်ပွားရာ တည်နေရာပြ မြေပုံ။ မှတ်ချက် - ဤ အစီရင်ခံစာထဲတွင် တည်နေရာအညွှန်းကို ပြသသော အခါ၌ ခရမ်းရောင် လေးထောင့်ကွက်ကို မကြာခဏ အသုံးပြုထားသည်။ 


စုံစမ်းစစ်ဆေးမှု(အချိန်ဇယား) 

ဤစုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်နေစဉ်အတွင်း ဘူးသီးတောင်မြို့နယ်မှ ပဋိပက္ခဖြစ်စဥ်ကို အဓိကရည်ညွှန်းထားသော UGC များ၏ မတူညီသော အစိတ်အပိုင်းများနှင့် အမျိုးမျိုးသော စွပ်စွဲချက်များနှင့် အခိုင်အမာပြောဆိုချက်များကို Myanmar Witness မှ ဖော်ထုတ်တွေ့ရှိခဲ့သည်။ တည်နေရာရှာဖွေခြင်း နှင့် အချိန်အတိအကျရှာဖွေခြင်း လုပ်ငန်းစဉ်များမှတဆင့် Myanmar Witness သည် ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလအတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပုံဖော်နိုင်ခဲ့ပါသည်။ ဤအကြောင်းအရာများအား မှတ်တမ်းတင်ခဲ့သော တည်နေရာ၊ အချိန်နှင့် စပ်လျဉ်း၍ ခိုင်မာသော အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့သည်။  မှတ်တမ်းပုံရိပ်များအားလုံးကို မူရင်းပုံရှိမရှိ စစ်ဆေးခဲ့ပြီးဖြစ်သည်။ (ဆိုလိုသည်မှာ ဤအကြောင်းအရာကို မတူညီသော ဇာတ်ကြောင်း/အချိန်/တည်နေရာဖြင့် အရင်လွှင့်တင်ထားခြင်းရှိမရှိ စစ်ဆေးခဲ့ခြင်း ဖြစ်သည်)။


၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်

ဂူဒါပြင်၊ ဘူးသီးတောင်။

စိစစ်အတည်ပြုပြီး

ဂူဒါပြင်နှင့် သရက်တောင်တို့တွင် သေနတ်ပစ်ခတ်မှုများရှိခဲ့ကြောင်း ကို ဆိုရှယ်မီဒီယာ အသုံးပြုသူများမှတဆင့် သိရသည်။ ဆိုရှယ်မီဒီယာပေါ်တွင် လွှင့်တင်ထားသည့် ဗီဒီယိုတစ်ခု တွင် သရက်တောင်ရှိ စစ်ကောင်စီ နှင့် ဂူဒါပြင် ရှိ AA တပ်ဖွဲ့များကြားရှိ ပစ်ခတ်မှုဟု ယူဆရသော သေနတ်သံများ ကြားနိုင်သည်။ ၎င်းဗီဒီယိုမှ ကူးယူဖော်ပြသည့် အောက်ဖော်ပြပါပုံရိပ်များတွင် ပါဝင်သော တောင်တန်းများနှင့် ရေဒီယိုတာဝါတိုင်များကို ပထဝီဝင်အနေအထားများအရ ပြန်လည်ရှာဖွေဆန်းစစ်ခြင်းဖြင့် ယင်းဗီဒီယိုအား ဖိုးခေါင်ချောင်းတွင် ရိုက်ကူးထားခြင်းဖြစ်ကြောင်း Myanmar Witness မှ အတည်ပြုနိုင်သည်။ အခြား ဗီဒီယိုတစ်ခု တွင် ပျက်စီးနေသော သစ်ပင်တစ်ပင်၌ သတ္တုအပိုင်းအစတစ်ခု ညပ်နေသည်ကို တွေ့နိုင်သည်။ ဤဗီဒီယို၏ ပထဝီဝင်တည်နေရာကို အတည်ပြုမသတ်မှတ်နိုင်သော်လည်း၊ ထိုထဲတွင် ဂူဒါပြင်ရှိ တူညီသော အဆောက်အဦးအမျိုးအစား တစ်ခုကို တွေ့နိုင်သည်။


ပုံ (၂) - ဆိုရှယ်မီဒီယာပေါ်တွင် တွေ့ခဲ့ရသည့် UGC များ ၏ တည်နေရာပုံပြပုံ။ ဗီဒီယို၏ ညာဘက်ရှိ တာဝါတိုင် ၂ ခု နှစ် နောက်ခံတောင်တန်းများမှာ အသုံးဝင်သော အညွှန်းများဖြစ်သည်။


စိစစ်အတည်ပြုပြီး

ဂူဒါပြင်မှ ထွက်ပြေးလာသူများကို ပြသထားသည့် ဗီဒီယိုဖိုင်တစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။ ၎င်းဗီဒီယိုထဲတွင် ဂူဒါပြင်ဘက်၌ မီးခိုးငွေ့များ ထွက်လာသည်ကို မြင်နိုင်သည်။ ဗီဒီယိုတွင် ပါဝင်သော ခေါင်မိုးများ၊ ရေဒီယိုတာဝါနှင့် လျှပ်စစ်ဓာတ်အား အဆောက်အအုံများကဲ့သို့ မြင်တွေ့ရသည့် အရာများအသုံးပြု၍ ဤ ဗီဒီယိုဖိုင် ကို စစ်ဆေးအတည်ပြုထားခြင်းဖြစ်သည်။ 


ပုံ (၃) - ဆိုရှယ်မီဒီယာပေါ်တွင် တွေ့ခဲ့ရသည့် UGC များ ၏ တည်နေရာပြပုံ။ ဤရိုက်ကူးမှုထဲတွင် တွေ့မြင်နိုင်သော လူပုဂ္ဂိုလ်များမှာ ဂူဒါပြင်ဘက်မှ ထွက်ပြေးလာကြောင်း တွေ့ရသည်။ 


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်

ပုဇွန်ချောင်း၊ ဘူးသီးတောင်။

[ဂရပ်ဖစ် သို့မဟုတ် စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာ]

တစ်စိတ်တစ်ပိုင်းအတည်ပြုပြီး

အောက်တိုဘာလ ၁ ရက်နှင့် နောက်ပိုင်းတွင် ဘူးသီးတောင်ကျေးရွာမှ ရိုဟင်ဂျာအမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရကြောင်း တိုင်ကြားမှုများ ထွက်ပေါ်လာခဲ့သည်။ ကျူးလွန်ခံရသူမှ အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ထွက်ဆိုထားသည့် ဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ်တွင် လွှင့်တင်ခဲ့သည် (ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားမှုမရှိစေရန် သတင်းအရင်းအမြစ်ကို ပြန်လည်ပြင်ဆင်ထားသည်)။ မုဒိမ်းမှုကျူးလွန်ခဲ့သူမှာ AA တပ်ဖွဲ့ဝင်များဟု ဆိုခဲ့ကြပြီး ၎င်းတို့၏ လုပ်ရပ်ကို ဝန်ခံပြီးနောက် အပြစ်ပေးခံရပြီးဖြစ်သည်ဟု ယူဆရသည်။ ၎င်းတို့ကို ကြိမ်ဒဏ်ပေးခဲ့ပြီး ထောင်အနှစ် ၂၀ ကျခံစေခဲ့သည်ဟု သိရသည်။ အပြစ်ဝန်ခံမှုနှင့် ပြစ်ဒဏ်များဆိုင်ရာ အချက်အလက်များကို အွန်လိုင်းတွင် တွေ့နိုင်သည် (သတိပြုရန်၊ ဂရပ်ဖစ်အကြောင်းအရာ)။


၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်

ကျောက်စာတိုင်၊ ဘူးသီးတောင်။

အတည်မပြုရသေးပါ။

ကျောက်စာတိုင်တွင် AA နှင့် စစ်ကောင်စီကြား တိုက်ပွားများ ဖြစ်ပွားခဲ့ကြောင်း သတင်းပေးပို့မှုများ


၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်

ဂူဒါပြင်၊ ဘူးသီးတောင်။

စိစစ်အတည်ပြုပြီး

ဂူဒါပြင်တွင် AA နှင့် စစ်ကောင်စီ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြမှုများ ရှိခဲ့သည်။ မီးလောင်မှုမှတ်တမ်းများအရ ထို ကျေးရွာအနီးတွင်ဖြစ်ပွားခဲ့ကြောင်း တည်နေရာကို ရှာဖွေအတည်ပြုနိုင်ခဲ့သည်။ တောင်တန်းရှုခင်းပါဝင်သည့် မည်သည့်နေရာအတွက် မဆို ဓာတ်ပုံရိုက်ယူခဲ့သော တည်နေရာအတိအကျကို ရှာဖွေရန်မှာ မကြာခဏ အခက်အခဲရှိသော်လည်း ယေဘုယျဧရိယာကို ဖော်ထုတ်နိုင်စွမ်းရှိသည်။


ပုံ (၄) - ဆိုရှယ်မီဒီယာရှိ ရိုက်ကူးမှု၏ တည်နေရာပြပုံ။ အရှေ့တွင် ရှာဖွေအတည်ပြုနိုင်ခဲ့သော တည်နေရာများတွင် တွေ့ရှိခဲ့ရသည့် တောင်တန်းများ၏ တစ်စိတ်တစ်ပိုင်း။ 


၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်

ဂူဒါပြင်၊ ကျောက်စာတိုင်၊ ဘူးသီးတောင်။

အတည်မပြုရသေးပါ။

ဂူဒါပြင်နှင့် တောင်မြို့တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း စွပ်စွဲချက်များ


၂၀၂၂ ခုနှစ် အောက်တိုဘာလ ၇ ရက်

ဂူဒါပြင်၊ ဘူးသီးတောင်။ 

အတည်မပြုရသေးပါ။

ဂူဒါပြင်တွင် မြေမြှုပ်မိုင်းတစ်ခု ပေါက်ကွဲခဲ့ပြီး ရိုဟင်ဂျာလူမျိုးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုရှယ်မီဒီယာအသုံးပြုသူများက သတင်းထုတ်ပြန်ခဲ့သည်။ (ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားမှုမရှိစေရန် သတင်းအရင်းအမြစ်ကို ပြန်လည်ပြင်ဆင်ထားသည်)


၂၀၂၂ ခုနှစ် အောက်တိုဘာ ၈ ရက်

ဂူဒါပြင်၊ ဘူးသီးတောင်။

[ဂရပ်ဖစ် သို့မဟုတ် စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာ]

စိစစ်အတည်ပြုပြီး/တစ်စိတ်တစ်ပိုင်း စိစစ်အတည်ပြုပြီး/အတည်မပြုရသေးပါ

AA မှ ပစ်သတ်ခဲ့သည်ဟု စွပ်စွဲထားသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းဓာတ်ပုံများကို လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။ သတင်းပို့ချက်များအရ သေဆုံးသူသည် နာမည်ထင်ရှားသော ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတစ်ဦး၏ ဦးလေးတော်စပ်သူဖြစ်ကြောင်းသိရသည်။ (ကိုယ်ရေးကိုယ်တာပေါက်ကြားမှုမရှိစေရန် သတင်းရင်းမြစ်နှစ်ခုကို ပြန်လည်ပြင်ဆင်ထားသည်)။


၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်

ကျောင်းတောင်၊ ဘူးသီးတောင်။

[ဂရပ်ဖစ် သို့မဟုတ် စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာ]

တစ်စိတ်တစ်ပိုင်းစိစစ်ပြီး

ရိုဟင်ဂျာအမျိုးသားတစ်ဦးအား AA အဖွဲ့ဝင်တစ်ဦးမှ ရိုက်နှက်ခဲ့သည်ဟု ပြသသော ဗီဒီယိုဖိုင်။ (ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားမှုမရှိစေရန် သတင်းအရင်းအမြစ်ကို ပြန်လည်ပြင်ဆင်ထားသည်)


၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်

ဂူဒါပြင်၊ ကျောက်စာတိုင်၊ ဘူးသီးတောင်။

အတည်မပြုရသေးပါ။

စစ်ကောင်စီ နှင့် AA တို့ကြား လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူများ ထွက်ပြေးခဲ့ရသည်ဟု ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦး၏ စွပ်စွဲမှု


၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်

Sung Nibhil (ရိုဟင်ဂျာစကားအခေါ်အဝေါ်), ဘူးသီးတောင်

[ဂရပ်ဖစ် သို့မဟုတ် စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာ]

တစ်စိတ်တစ်ပိုင်းစိစစ်အတည်ပြုပြီး

လက်နက်ကြီးထိမှန်ထားသည်ဟု စွပ်စွဲခံထားရသည့် ဒဏ်ရာရသူ (ရိုဟင်ဂျာဟု ယူဆရသော) အမျိုးသားတစ်ဦး၏ ဓာတ်ပုံများ။ (ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားမှုမရှိစေရန် သတင်းအရင်းအမြစ်ကို ပြန်လည်ပြင်ဆင်ထားသည်)


၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်

ဦးလှဖေ၊ ဘူးသီးတောင်။

[ဂရပ်ဖစ် သို့မဟုတ် စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာ]

တစ်စိတ်တစ်ပိုင်းစိစစ်အတည်ပြုပြီး

ဆိုရှယ်မီဒီယာတွင် လွှင့်တင်ထားသည့် အမည်မသိလူသတ်သမားတစ်ဦးက ပစ်သတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော ဒဏ်ရာရသူ/အသတ်ခံရသူ (ရိုဟင်ဂျာဟု ယူဆရသော) အမျိုးသားတစ်ဦး၏ ဓာတ်ပုံများ။ (ကိုယ်ရေးကိုယ်တာပေါက်ကြားမှုမရှိစေရန် သတင်းရင်းမြစ်နှစ်ခုကို ပြန်လည်ပြင်ဆင်ထားသည်)


၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်

ဖိုးခေါင်ချောင်း၊ ဘူးသီးတောင်

အတည်မပြုရသေးပါ။

ဖိုးခေါင်ချောင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDP) အခြေချနေထိုင်သည့်နေရာ၌ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းပေးပို့မှု


၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်

ဖိုးခေါင်ချောင်း၊ ဘူးသီးတောင်။

အတည်မပြုရသေးပါ။

ရိုဟင်ဂျာတစ်ဦးအား အမြောက်စများ ထိမှန်ခဲ့သည်ဟု အွန်လိုင်းတွင် ပျံ့နှံ့နေခဲ့သေ စွပ်စွဲချက်များ။ (ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားမှုမရှိစေရန် သတင်းအရင်းအမြစ်ကို ပြန်လည်ပြင်ဆင်ထားသည်) 


၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၉ ရက်

ဂူဒါပြင်၊ ဘူးသီးတောင်။

[ဂရပ်ဖစ် သို့မဟုတ် စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာ]

တစ်စိတ်တစ်ပိုင်းစီစစ်အတည်ပြုပြီး

ဒဏ်ရာရသူ (ရိုဟင်ဂျာဟု ယူဆရသော) အမျိုးသားတစ်ဦး၏ ဂရပ်ဖစ်ရုပ်ပုံများကို လူမှုမီဒီယာတွင် လွှင့်တင်ခဲ့သည်။ ထိုအမျိုးသားအား စစ်ကောင်စီ မှ ပစ်သတ်ခဲ့သည်ဟုလည်း စွပ်စွဲခဲ့ကြသည်။ (ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားမှုမရှိစေရန် သတင်းအရင်းအမြစ်ကို ပြန်လည်ပြင်ဆင်ထားသည်) 


ဒုက္ခသည်များနှင့် ပျက်ဆီးမှုများ

ဘူးသီးတောင်တွင် ဖြစ်ပွားခဲ့သည့် ဖော်ပြပါဖြစ်ရပ်များ၏ အချိန်ဇယားအတိုင်း AA နှင့် စစ်ကောင်စီ အကြား တိုက်ပွဲများကြောင့် အနည်းဆုံး ရိုဟင်ဂျာအမျိုးသား တစ်ဦး သေဆုံးပြီး အခြားသူများ အများအပြား ဒဏ်ရာရရှိခဲ့သည်။ ထိုထဲတွင် အောက်ပါတို့ ပါဝင်ကြသည်။


  1. နာမည်ထင်ရှားသော ရိုဟင်ဂျာကျောင်းဆရာတစ်ဦးသေဆုံးမှု၊

  2. အမျိုးသမီးတစ်ဦးမုဒိမ်းကျင့်ခံရမှု နှင့်

  3. လူခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟူသော ထွက်ဆိုမှု (၎င်းတို့ထဲမှ လေးဦးကို UGC တွင် တွေ့မြင်နိုင်သည်)


အောက်တိုဘာ ၅ ရက်တွင် မြင်တွေ့ရသည့် မီးခိုးပုံနှင့် စက်တင်ဘာ ၂၅ ရက်တွင် မြင်တွေ့ရသည့် အပျက်အစီးများကို FIRMS သို့မဟုတ် Sentinel ဝဘ်ဆိုဒ်များတွင် မြင်တွေ့ရခြင်းမရှိသည့်အတွက် တိုက်ပွဲများကြောင့် မီးလောင်ကျွမ်းမှုများ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ပေါ်ခဲ့ကြောင်း ယူဆနိုင်သည်။ သို့သော်လည်း ယခုအချိန်ဇယားတွင် ထည့်သွင်းဖော်ပြထားသော ပထဝီဝင်အနေအထား တည်နေရာ တည်ပြုနိုင်မှုနှင့် အတည်ပြုထားသည့် ပုံရိပ်များကြောင့် ဂူဒါပြင်အတွင်း သို့မဟုတ် အနီးတွင် မီးလောင်မှု/ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သက်သေပြုနိုင်သည်။


ထို့အပြင် စက်တင်ဘာ ၂၅ ရက်က သေနတ်သံများ ကြားခဲ့ရသည်ဟူသော သတင်းပေးပို့ချက်များက ဂူဒါပြင်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထွက်ဆိုချက်များကို အတည်ပြုပေးလျက်ရှိသည်။


အနာဂတ်တွင် လေ့လာစောင့်ကြည့်ခြင်း

အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ မတိုင်ခင်အထိ AA နှင့် စစ်ကောင်စီ အကြားမှ ပဋိပက္ခသည် ဆက်လက်ပြင်းထန်လာခဲ့သည်။ အဆိုပါသဘောတူညီချက်မရသေးမီ အထူးသဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ မှစတင်၍ ဘူးသီးတောင်မြို့နယ်သည် နှစ်ဖက်လုံးမှ တိုက်ခိုက်မှုများနှင့် ပြန်လည်တုံ့ပြန်မှုများ အများအပြား ဖြစ်ပွားခဲ့သည့်နေရာဖြစ်သည်။ ရိုဟင်ဂျာကဲ့သို့သော လူနည်းစုများအပါအဝင် ဒေသခံလူထုအပေါ် သက်ရောက်မှုရှိသော တိုက်ခိုက်မှုများနှင့် ပဋိပက္ခဖြစ်စဥ်များကို စိစစ်အတည်ပြုနိုင်ရန် ရခိုင်ပြည်နယ်အား ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်သည်။


နာမည်အတိုကောက်စာရင်း

ရက္ခိုင့်တပ်မတော် - AA

Fire Information for Resource Management System - FIRMS

ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ - IDP

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်ကောင်စီ

United League of Arakan - ALU

အသုံးပြုသူဖန်တီးသည့်အကြောင်းအရာ - UGC






uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

JOIN OUR MAILING LIST

Subscribe to our emails for in-depth reports, event invites and our monthly round-up newsletter.
Which emails would you like to recieve?

Myanmar Witness is implemented via the Centre for Information Resilience

©2021 Myanmar Witness

Privacy & Legal

bottom of page