top of page

ရခိုင်ပြည်နယ်တွင် စစ်တပ်၏ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားများ သေဆုံးကာ ဒဏ်ရာရရှိခဲ့ခြင်း

Myanmar Witness

12 Dec 2022

Report Published:

5.png
4.png
3.png

ရခိုင်ပြည်နယ်တွင် စစ်တပ်၏ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားများ သေဆုံးကာ ဒဏ်ရာရရှိခဲ့ခြင်း

Myanmar Witness 

၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်- 

မောင်တောမြို့နယ် ဂြစ်ချောင်း ကျေးရွာတွင် တိုက်ခိုက်မှု

 

ရုပ်ပုံသတိပေးချက်

  

အဓိကဖြစ်ရပ်အသေးစိတ် 

-       ဂြစ်ချောင်းကျေးရွာတွင် ဒေသခံရွာသားများ၏ ကလေးကင်ပွန်းတပ်မွေးနေ့ပွဲ ကျင်းပနေစဉ် အတွင်း တိုက်ခိုက်မှုသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

  

-       ကြိမ်ချောင်း ကျေးရွာအနီးနားရှိ စစ်ကောင်စီစစ်စခန်းတစ်ခုမှ ဒေသစံတော်ချိန် ၁၂နာရီ ၃၀ အချိန်ခန့်တွင်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပြောဆိုမှုများ [21.092015, 92.336977]. 

  

-       ကလေးငယ်သုံးဦး အပါအဝင် ရွာသား ၁၁ ဦးမှ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၇ ဦးမှ ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

  

-        ရွာသူရွာသားအများအပြား ချက်ချင်းဆေးကုသမှုခံယူရန် လာကြသောကြောင့် ကြိမ်ချောင်းဆေးရုံ[21.083338, 92.336132] ကြိမ်ချောင်းကျေးရွာသည် စုဆောင်းရရှိသော ဗီဒီယိုဖိုင်အများစုအတွက် နေရာဖြစ်သည်။

 

-       ရက္ခိုင့်တပ်မတော် (AA) က ရခိုင်ပြည်နယ် အုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့ဝင်များအား အရပ်သားများအားတမင်သက်သက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။ AA က တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း(သို့မဟုတ်) ပဋိပက္ခ၏ ဘယ်ဘက်ခြမ်းမှ ပစ်ခတ်ခဲ့ သည်ကိုမသိကြောင်း စစ်တပ်မှ ဒေသခံရွာသားများအားငွေကြေးနှင့်လာဘ်ထိုးရန် ကြိုးပမ်းသည်ဟု ပြောဆိုထားကြသည်။ 

 

အကျဉ်းချုပ် 

 

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ ဒေသစံတော်ချိန် ၁၂နာရီ ၃၀ အချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ကြိမ်ချောင်းကျေးရွာရှိ စစ်တပ်၏ကင်းစခန်းမှ  ကလေးကင်ပွန်းတပ်မွေးနေ့ပွဲ (ကလေးအမည်ပေးခြင်း အခမ်းအနားကျင်းပသည်ဟု ပြောကြားထားသော) အခမ်းအနား တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ အပျက်အစီးမှာ မော်တာကျည် ၃ လုံးသို့မဟုတ် လေးလုံးတို့ကြောင့် ကလေးငယ်သုံးဦးအပါအဝင် အနည်းဆုံး ၁၁ ဦးမှ ၁၃ ဦး သေဆုံးပြီး ရွာသား ၂၇ မှ ၃၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း အွန်လိုင်းသတင်းများတွင် ဖော်ပြသည်။ DVB က ဒဏ်ရာရသူ စုစုပေါင်း ၅၀ ဟု ဖော်ပြထားတယ်။ဒဏ်ရာရရှိသူများအား ကြိမ်ချောင်းဆေးရုံ [21.083338, 92.336132] သို့ အမြန်ပို့ဆောင်ပေးခဲ့ပြီး နယ်မြေအနောက်ဘက်တွင် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ပြင်းထန်သော ဒဏ်ရာရရှိသူများကို ကြိမ်ချောင်းတွင် ကနဦး စစ်ဆေးမှုခံယူပြီးနောက် မောင်တောခရိုင်ဆေးရုံကြီးသို့ အမြန်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ 

  

အဆိုပါအမြောက်ကျည်များကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ယူနစ် ၇ က သိမ်းပိုက်ထားသောအနီးနားရှိ စစ်စခန်းမှ ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်စခန်းအား ကြိမ်ချောင်း (ဗမာဘာသာဖြင့်) သို့မဟုတ် (ရခိုင်ဘာသာဖြင့်) ရိန်းချောင်းဟုခေါ်သော (ကြိမ်ချောင်း) အမှတ် (၂၄) တွင် စခန်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ ၇ မှ တပ်စွဲထားသည်။

 

တိုက်ပွဲအပြီးတွင် ရိန်းချောင်း အမှတ် (၂၄) စခန်းမှ တပ်သားများက တဖက် (AA) က လက်နက်ကြီးဖြင့် ပစ်ခတ်သည်(သို့) မည်သည့်ဘက်မှ ပစ်ခတ်သည်ကိုမသိကြောင်း အင်တာဗျူးများတွင်ဖြေရန် ဒေသခံများအား လာဘ်ထိုးရန် ကြိုးစားခဲ့ကြောင်း DVB ဆောင်းပါးတွင် ဖော်ပြထားသည်။ . ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ရွာသားအချို့က ယင်းလဲလှယ်မှုကြောင့် အတင်းအဓမ္မ ထွက်ဆိုမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများကဆိုသည်။ 

 

 စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါလက်နက်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်သော်လည်း အရပ်သားများ အထူးသဖြင့်ကလေးငယ်များကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ကို အပြည့်အဝ အကဲဖြတ်၍မရနိုင်ပါ။ မည်သို့ပင်ဆိုစေကာမူ AA နှင့်SAC တပ်ဖွဲ့များကြား ရခိုင်ပြည်နယ်တွင် မြင့်တက်လာသော ပဋိပက္ခများကြောင့် အရပ်သားများ ထိခိုက်နစ်နာနေရဆဲဖြစ်သည်။ 

  

Myanmar Witness သည် အောက်ပါတို့ကို စစ်ဆေးနိုင်သည်- 

ကြိမ်ချောင်းတွင်ရှိသော မောင်တောခရိုင်ဆေးရုံ [21.083338, 92.336132] တည်နေရာကို သတ်မှတ်အတည်ပြုနိုင်ခဲ့ကာဂြစ်ချောင်းတွင် ရွာသားများတိုက်ခိုက်ခံရသည့် နေရာအဖြစ် ပုံ ၁ တွင်ပြထားသည့်အတိုင်း စိစစ်ပြီးအတည်ပြုထားသည်။ 

 

 

ပုံ 1- တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရသူများအား ဆေးကုသရန် ရောက်လာသော မောင်တောမြို့နယ်တွင်ရှိသော (ကြိမ်ချောင်း ကျေးရွာ) [21.083338, 92.336132] ဆေးရုံ ဘူမိတည်နေရာ (ဘယ်ပုံ၏အရင်းအမြစ်- Burma Human Rights Network;ညာဘက်ပုံ၏အရင်းအမြစ် : GoogleEarth)။ 

 

စုံစမ်းထောက်လှမ်းချက်များအားလေ့လာခြင်း   

တည်နေရာမြေပုံ 

 

ပုံ 2- ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊  ကြိမ်ချောင်းနှင့် ဂြစ်ချောင်းဒေသ၏ တည်နေရာပြမြေပုံ၊ ပစ်ခတ်သည့်နေရာနှင့် အနီးနားရှိ ပထဝီဝင်တည်နေရာသတ်မှတ်ထားသော ဆေးရုံနှင့် ဆက်စပ်နေသည်ဟုဆိုထားသည့် ပစ်ခတ်တိုက်ခိုက်မှုဇုန်နှစ်ခုရှိကြောင်း ပြသထားသည်။ (မြေပုံကို Datawrapper အသုံးပြု၍ ဖန်တီးထားသည်)။ 

 

ဆေးရုံ 

မောင်တောခရိုင်ဆေးရုံ (ပုံ ၃ တွင်ပြထားသည်) ရွာသားအများအပြား ဆေးကုသမှုခံယူရန် ချက်ခြင်းရောက်လာသောကြောင့် အခင်းဖြစ်ပွားသည့် ကနဦးပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။ ဗီဒီယိုထဲမှာ ရွာသားတွေကို ဆေးရုံကိုပို့ဆောင်ပြီးနောက် လူနာတင်ယာဉ်ထားရှိရာ ဘယ်ဘက်ခြမ်းမှာ လှည့်လည်ရိုက်ကူးသည်ဟု ယူဆရသည်။

 


 

ပုံ 3- ဒဏ်ရာရရွာသားများအား ပို့ဆောင်ရာတွင် အသုံးပြုသည့် ဆိုင်ကယ်များနှင့် လူနာတင်ယာဉ်များ သည် မောင်တောခရိုင်ဆေးရုံသို့ ရောက်ရှိသည့်မြင်ကွင်းမှ ဗီဒီယိုဖိုင် (ညာဘက်ရှိ အနီကွက်တွင် မြင်ရသည်)။ (သတင်းရင်းမြစ်- ညာဘက်ပုံ- 24hour information myanmar၊ ဘယ်ဘက်ပုံ- Western News Agency). 

 

လူနာတင်ယာဉ်၏ပုံသည် ယာဉ်အတွင်း (သို့မဟုတ်) အပြင်သို့ ရွေ့လျားနေသည်ကို ပြသနေပုံပေါ်သည် - ဒဏ်ရာရသူများ၊လူအုပ်က စောင့်ကြည့်နေပြီး ထိခိုက်ဒဏ်ရာရသူများကို ကုသပေးနေသည့် လူနာတင်ယာဉ်အတွင်းတွင် လူများပြည့်ကျပ်နေသည် (ပုံ 4 တွင် ပြထားသည်)။ လူနာတင်ကားဆီသို့ လမ်းလျှောက်လာရင်း ဒဏ်ရာရ ကလေးငယ်တစ်ဦးကိုသယ်ဆောင်လာသော အမျိုးသားတစ်ဦးလည်း ရှိသည်။ ပုံ 3 ၏အောက်ပိုင်းပုံတွင်၊ လူနာတင်ကားဘေးဘက်တွင် ထိုင်နေသော အမျိုးသမီးတစ်ဦး၏ ရင်ခွင်ပေါ်တွင် ကလေးတစ်ဦးထိုင်နေသည်ကို တွေ့မြင်ရသည်။ လူနာတင်ယာဉ်အပေါ်ပိုင်းပုံတွင် တူညီသော အမျိုးသမီးသည် ၎င်းအတွင်းကိုကြည့်ဟန်တူပြီး အမျိုးသားတစ်ဦးသည် ကလေးအား ဤလမ်းကြောင်း အတိုင်းသယ်သွားနေပုံရသည်။ ဆေးကုသရေးဌာနသည် ကနဦးနှင့် ချက်ချင်း ဆေးကုသမှုခံယူရန် ဒုက္ခသည်များ ရောက်ရှိလာသည့် ဆေးခန်းငယ်လေးတစ်ခု ဖြစ်နိုင်ချေရှိသည်။ နောက်ပိုင်းတွင် သေဆုံးသူများထဲမှ အချို့ကို ပိုမိုအဆင့်မြင့်သော စောင့်ရှောက်မှုအတွက် ပိုကြီးသော ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အစီရင်ခံစာများတွင် ဖော်ပြထားသည်။ 

 


 

ပုံ 4- ဒဏ်ရာရရှိသူများနှင့် ကြည့်ရှုသူအများအပြားရောက်ရှိလာသည့် အခင်းအကျင်းဖြစ်ပုံရသည့် ဗီဒီယိုဖိုင်တွင် အနီရောင်ဖြင့်ဖော်ပြထားသော အမျိုးသမီး၊ အဝါရောင်ဖြင့် ဖော်ပြထားသော ကလေးငယ်များနှင့် ရုပ်ပုံနှစ်ခုစလုံးတွင် အပြာရောင််ဖြင့်ဖော်ပြထားသော အခြားအမျိုးသားတစ်ဦးကို ဖော်ပြထားသည့် ဗီဒီယိုဖိုင်။ (အပေါ်ဘက်ရုပ်ပုံရင်းမြစ် : Development Media Group) (အောက်ဘက်ရုပ်ပုံရင်းမြစ်: Arakan Princess Media)။ 

 

ဒဏ်ရာရရှိသူများ

Arakan Express News မှ အတည်ပြုပေးသော ထိခိုက်သူများထဲတွင် ပုံ ၅ တွင် ဖော်ပြထားသော ကလေးသုံးဦး ပါ၀င်သည့်သေဆုံးသူများဟုဆိုသော အမည် ၁၁ ဦး ပါဝင်သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဆေးကုသမှုခံယူပြီးနောက် အသက် ၆ လအရွယ်ကလေးငယ်တစ်ဦး ကွယ်လွန်သွား ကြောင်း သတင်းရရှိသည်။ 


 

ပုံ 5- ၂၀၂၂  ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ဂြစ်ချောင်းကျေးရွာတွင် တပ်မ (၇)၏ တိုက်ခိုက်မှုကြောင့် ဟုဆိုသောတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့်အမည်စာရင်း။ Myanmar Witness မှဘာသာပြန်ဆိုချက် (သတင်းရင်းမြစ်: The Arakan Express News)။ 

 

တိုက်ခိုက်သောဘက်ခြမ်း

 

တိုက်ခိုက်မှုကြောင့် ကြိမ်ချောင်းကျေးရွာရှိ နေအိမ်တစ်အိမ်မှာ ပုံ ၆ တွင် ဖော်ပြထားသည့်နေရာမှ ပျက်စီးသွားသည်ဟုဆိုထားသော်လည်း ယင်းနှင့်ပတ်သက်ပြီး အတည်ပြုနိုင်သည့် ဗီဒီယိုဖိုင်တစ်ခုမျှ ထွက်ပေါ်လာခြင်းမရှိပေ။ 

 

ပုံ 6- ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ ဂြစ်ချောင်းကျေးရွာတွင် မော်တာကျည်ထိမှန်ခဲ့သော နေအိမ် [21.091161, 92.355862]။ (အရင်းအမြစ်- ကိုယ်ရေးကိုယ်တာအချက်အလက်များကြောင့် ပြန်လည်ပြင်ဆင်ထားသည်)။ 

 

ဂြစ်ချောင်းကျေးရွာ ပျက်စီးမှုအထောက်အထားများကို အွန်လိုင်းမှ ကျယ်ကျယ်ပြန့်ပြန့် မဖော်ထုတ်နိုင် ခဲ့ပါ။သို့သော်လည်း ဤဖြစ်ရပ်နှင့် ဆက်စပ်၍ အချို့သော ရုပ်ပုံများသည် အိမ်တွင်းဖွဲ့စည်းပုံ ဖြစ်ပုံပေါ် သော ပျက်စီးမှုများကိုပြသထားသည်။ ၎င်းသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ တိုက်ခိုက်မှုမှ မော်တာတိုက်ခိုက်မှု၏ ရလဒ်ဖြစ်သည်ဟုယူဆရသည်။ အတည်မပြုရသေးသော်လည်း ဤပုံများကို ပုံ 7 တွင် ပြထားသည်။ ပုံ 6 နှင့် 7 အကြားချိတ်ဆက်မှုသည်ဖြစ်နိုင်သော်လည်း ဤအဆင့်တွင် မဆုံးဖြတ်နိုင်ပါ။ 

 

ပုံ 7- ဂြစ်ချောင်းကျေးရွာမှ အဆောက်အဦးတစ်ခု၏ အမိုးနှင့်အကာအကာများ ပျက်စီးနေသည့်ပုံ။ (အရင်းအမြစ်- ကိုယ်ရေးကိုယ်တာဆိုင်ရာများကြောင့် နှစ်ခုလုံးကို ပြန်လည်ပြင်ဆင်ထားသည်။ 

 

ရက္ခိုင့်တပ်မတော်ဝက်ဘ်ဆိုဒ်မှ အဆိုပါအခင်းဖြစ်ပွားရာ နေရာများ၏ အမြင်မြေပုံကို မျှဝေထားရာ အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် စစ်တပ်၏အခြေစိုက်စခန်း (Rang Chao (24) Camp) အပါအဝင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင့်ထိခိုက်ခဲ့သော မောင်တောမြို့နယ်ရှိ နယ်မြေခံဒေသ ၂ ခုတို့ ပါဝင်ကြောင်းသိရသည်။ . ဤမြင်ကွင်းကို ပုံ ၈ တွင် ပြထားသည်။ 

 

 

ပုံ 8- SAC Rang Chao (24) စခန်းမှ စတင်တိုက်ခိုက်ခံရခြင်းဟု ဆိုထားသော ဂြိုဟ်တုဓာတ်ပုံများနှင့် ၂၀၂၂ ခုနှစ်နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မောင်တောမြို့နယ်ရှိ ထိခိုက်ခဲ့သည့်နေရာများ (သတင်းရင်းမြစ်: Arakan Army)။ 

  

ရက္ခိုင့်တပ်မတော်မှ ရေးသားဖော်ပြသည့် ပုံသည် ကြိမ်ချောင်းကျေးရွာတွင် တိုက်ခိုက်မှုဖြစ်ပွားရာ နေရာနှင့် မူလတည်နေရာ နခခ (၇) နယ်ခြားစောင့်ရဲဌာနခွဲ (၇) အဖြစ် ထည့်သွင်းထားသည်။ ၎င်းတွင် “စစ်ကောင်စီစခန်း” ဟူသောစကားအသုံးအနှုန်းကိုလည်း အသုံးပြုထားသည်။ ဤသတင်းရှိနေရာ သည် ဆေးဘက်ဆိုင်ရာဌာနသို့ ရောက်ရှိလာသောလူနာများ၏ ပထဝီဝင်အနေအထားအရ 2.5 ကီလိုမီတာခန့် အကွာတွင်ရှိသည်။ 

 

ပုံ 9- [21.091995, 92.337001] မှ စတင်ခဲ့သည်ဟု ယူဆရသည့် ကြိမ်ချောင်းကျေးရွာရှိ အခြေစိုက်စခန်းတည်နေရာ။ 

တိုက်ခိုက်မှုဟု အခိုင်အမာဆိုထားသော နေရာများနှင့်ပတ်သက်၍ နောက်ထပ် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေပါသည်။ 

  

တိုက်ခိုက်ခံရပြီးနောက် တုံ့ပြန်မှုများ

၂၀၂၂  ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ တိုက်ခိုက်မှုတွင် ဒဏ်ရာရသူများကို ကြိမ်ချောင်းဆေးရုံသို့ ပို့ဆောင်ပြီးနောက် (ပုံ၁၀ တွင် ပြထားသည်)  မိသားစုများကို လာဘ်ထိုးရန် ကြိုးစားနေသည့် စစ်တပ်၏လုပ်ဆောင်ချက် ထွက်ပေါ်လာသည်။ဖော်ထုတ်ရရှိသည့် သတင်းရင်းမြစ်များအရ အဆိုပါ လာဘ်ပေးလာဘ်ယူမှုများကို ငြင်းဆိုခဲ့ပြီး မြန်မာ့စစ်တပ်မှ ဦးဆောင်သူများက ခြိမ်းခြောက်မှု နည်းဗျူဟာများ လုပ်ဆောင်ခဲ့ပြီး တိုက်ခိုင်မှုကြောင့် ထိခိုက်သူများအား ထိုသို့ဖြစ်ပွားရခြင်းအတွက် ရက္ခိုင့်တပ်မတော်အားအပြစ်ပုံချရန်ညွန်ကြားသည်။  

 

ပုံ 10- ၂၀၂၂  ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ ကြိမ်ချောင်းဆေးရုံတွင် ဒေသခံများနှင့် ပြောကြားနေသည့် စစ်သားများဖြစ်ပုံရသည့်သူများ၏ တည်နေရာ [21.083338, 92.336132] Google Earth (ဘယ်ဘက်ပုံ) ကို အသုံးပြု၍ Myanmar Witness သည် ဘူမိတည်နေရာကို သတ်မှတ်အတည်ပြုသည်။ (ဓာတ်ပုံ-ဒီဗွီဘီ)။ 

 

ပုံ 10 ၏ ညာဘက်ပုံမှ စစ်ယူနီဖောင်းပေါ်ရှိ အပြာရောင်/အဖြူအစင်း နောက်ခံဖြင့် ကြယ် ၉ ခု၏ အဆောင်အယောင်ကိုပြသထားပြီး ပုံ 11 တွင်ချဲ့ထားသည်။ ဤအဆောင်အယောင်သည် ရခိုင်ပြည်နယ်၏ အမှတ် (၅) စစ်ဆင်ရေးဌာနချုပ်၊တောင်ကုတ်တပ်များ၏ အမှတ်အသားဖြစ်သည်။ ဤတိုက်ခိုက်မှုကို ကျူးလွန်သူများအဖြစ် ရက္ခိုင့်တပ်မတော်ကိုရည်ညွှန်းသည့် စစ်တပ်၏ ထုတ်ပြန်ချက်နှင့် ကွဲလွဲနေပါသည်။ 

 

ပုံ 11- ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက် ကြိမ်ချောင်းဆေးရုံတွင် ဒေသခံများကို လာဘ်ထိုးရန် ကြိုးပမ်းသည်ဟု ဆိုထားရသည့် ရခိုင်ပြည်နယ်၏ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (တောင်ကုတ်)မှ တပ်မတော်သားများရှိနေကြောင်းပြသထားသည့် တပ်မတော်အဆောင်အယောင်ကို ချဲ့ထွင်ပြထားသည်။ (Source: DVB)။ 

   

အနာဂါတ်စောင့်ကြည့်လေ့လာခြင်း

ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် AA အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ပဋိပက္ခများ ဆက်လက်တိုးပွားနေပါသည်။ မောင်တောမြို့နယ်အတွင်း အထူးသဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လမှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှ လက်တုံ့ပြန်မှုများ အများအပြား ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် ဒေသခံအရပ်သားလူထုအပေါ် သက်ရောက်မှုရှိသော တိုက်ခိုက်မှုများနှင့် ပဋိပက္ခများကို အတည်ပြုရန် ကြိုးပမ်းမှုတွင် ရခိုင်ပြည်နယ်ကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်သည်။ 


အတိုကောက်များ

ရက္ခိုင့်တပ်မတော် AA

ပြည်နယ်အုပ်ချုပ်ရေးကောင်စီ SAC


ပိုမိုသိရှိလိုပါက အင်္ဂလိပ်ဘာသာအစီရင်ခံစာ PDF ကို ဒေါင်းလုဒ်လုပ်ပါ။

 

 

 

  

 

 

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

JOIN OUR MAILING LIST

Subscribe to our emails for in-depth reports, event invites and our monthly round-up newsletter.
Which emails would you like to recieve?

Myanmar Witness is implemented via the Centre for Information Resilience

©2021 Myanmar Witness

Privacy & Legal

bottom of page