top of page

ကျောင်းဆရာတစ်ဦး အသတ်ခံရပြီး အလောင်းကို ဖြတ်တောက်သွားခဲ့ခြင်း

Myanmar Witness

19 Oct 2022

Report Published:

5.png
4.png
3.png

ကျောင်းဆရာတစ်ဦး အသတ်ခံရပြီး အလောင်းကို ဖြတ်တောက်သွားခဲ့ခြင်း

Myanmar Witness

၂၀၂၂ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစီရင်ခံစာကို ထုတ်ပြန်သည်။


ကျောင်းသားများနှင့် ဆရာများကို အကြမ်းဖက်ရန်ရည်ရွယ်၍ ကျောင်းကိုပြင်းထန်စွာတိုက်ခိုက်မှု

Myanmar Witness သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ မကွေးတိုင်းရှိ ကျောင်းတစ်ကျောင်းတွင်ဖြစ်ပွားခဲ့သော ထိတ်လန့်ဖွယ်ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးလျက်ရှိပါသည်။


အဓိကအချက်အလက်များ

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် တောင်မြင့်ကျေးရွာရှိ ကျောင်းတစ်ကျောင်း မီးလောင်ကျွမ်းခဲ့သည်။ ဒီတိုက်ခိုက်မှုကို စစ်တပ်က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။


မီးလောင်သွားသောအဆောက်အအုံတွင် ဂရပ်ဖစ်တီစာတန်းတစ်ခုရေးခဲ့ပြီး ရပ်ရွာကို ပြင်းထန်စွာသတိပေးသည့်စာအဖြစ် ထွက်ပြေးလွတ်မြောက်သွားသူများအတွက် ပြန်လာခဲ့မည်ဟု ခြိမ်းခြောက်မှုများပါရှိသည်။


ဒါတွေက ခြိမ်းခြောက်ရုံသက်သက်မဟုတ်ဘူးဆိုတာ မကြာခင်မှာ ထင်ရှားလာခဲ့ပါသည်. နောက်တစ်နေ့တွင် ဆရာတစ်ဦး၏ ရုပ်အလောင်းကို ကျောင်းတံခါးရှေ့တွင် တွေ့ရှိခဲ့ပြီး ဦးခေါင်းကို လှီးဖြတ်ကာ အချွန်တစ်ခုပေါ်တွင် ချိတ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။


ဆရာ၏ လက်သုံးချောင်းကိုလဲဖြတ်ကာ အလေးပြုခြင်း - CDM ၏ သင်္ကေတလုပ်၍ သူ့ခန္ဓာကိုယ်ပေါ်တွင် တင်ထားခဲ့သည်။


အနှစ်ချုပ်

ဤတိုက်ခိုက်မှုသည် ပညာရေးထောက်ပံ့မှုနှင့် လက်ခံရယူရန် ကြိုးပမ်းနေသူများအပေါ် အသုံးပြုသည့် အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှု၏ ထင်ရှားသောဝိသေသအဖြစ် သိသိသာသာ တိုးမြင့်လာမှုကို ကိုယ်စားပြုသည်။


ခေါင်းဖြတ်ခြင်းသည် ရှားပါးပြီး ထိတ်လန့်စေရန်ပုံဖော်ခဲ့ခြင်း ဖြစ်သည်။ CDM ၏ ငြိမ်းချမ်းစွာ ခုခံမှု သင်္ကေတ - မြန်မာနိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲများတွင် အသုံးပြုခဲ့သည့် လက်သုံးချောင်းထောင် အလေးပြုခြင်းကို မိုက်မဲသော သတင်းစကားပေးပို့ရန် အသုံးပြုခဲ့သည်။


ဦးခေါင်းကို ဖယ်ရှားခြင်း၊ လက်သုံးချောင်းဖြတ်တောက်ခြင်း နှင့် ကျောင်းတံခါးနားတွင် လူသေခန္ဓာကိုယ်ကို မြင်သာအောင်ပြထားသော ဤသတ်ဖြတ်မှုသည် မြင်ရသောသူများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေရန် ရည်ရွယ်ထားကြောင်း ဖော်ပြသည်။


မလိုလားအပ်သော အကြမ်းဖက်မှုများကို အားစိုက်ဖော်ထုတ်ရန် လိုအပ်သည်။ ဤတိုက်ခိုက်မှု၏ သင်္ကေတသဘောသဘာဝသည် ၎င်း၏ပေါင်းစပ်သဘောသဘာဝကို ဖော်ပြသည်။ ရလဒ်ကတော့ ခြိမ်းခြောက်မှုတွေ တိုးလာပြီး အကြောက်တရားတွေ ကျယ်ပြန့်လာပါသည်။


ဤအသတ်ခံရမှုသည် ထိုကျောင်းတွင် ပညာရေးအတွက် ဖြစ်နိုင်သမျှအများဆုံး အနှောက်အယှက် ဖြစ်စေရန် ရည်ရွယ်ပုံရသည်။ ၎င်းသည် ယခင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရ၊ CDM (သို့မဟုတ်) ဒီမိုကရေစီ လိုလားသော အင်အားစုများနှင့် ဆက်စပ်နေသည့် အခြားကျောင်းများသို့လည်း ယခုလိုရက်စက်ကြမ်းကြုတ်မှုမျိုးအတွက် ဖြစ်နိုင်ချေရှိသော ပစ်မှတ်အဖြစ် ၎င်းတို့ယူဆရမည်ဖြစ်သည်။


Myanmar Witness သည် အောက်ပါတို့ကို အတည်ပြုရန် ဗီဒီယိုဖိုင်ကို နေရာသတ်မှတ်အတည်ပြုခဲ့သည်။

- ကျောင်းမီးလောင်ခြင်း

- ဂရပ်ဖစ်တီတွင် ရေးသားထားသော ခြိမ်းခြောက်မှုများ

- အလောင်းကို ကျောင်းတံခါးဂိတ်မှာ ထားခဲ့ခြင်း

- ရုပ်အလောင်း၏ ဦးခေါင်းကို ကျောင်းတံခါးဝတွင် ချိတ်ထားခြင်း

- CDM ၏ လက်သုံးချောင်းအလေးပြုခြင်းနှင့် ဒီမိုကရေစီလိုလားသော ဆန္ဒပြလှုပ်ရှားမှုကို ရည်ညွှန်းသောပုံကိုပြသသော လက်သုံးချောင်းကို ခုတ်ထစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် ပြသထားခြင်း


စုံစမ်းထောက်လှမ်းမှုအား လေ့လာခြင်း

တောင်မြင့်ကျေးရွာ ကျောင်းရှေ့တွင် ဒေသစံတော်ချိန် ၁၀:၀၀နာရီဝန်းကျင်ခန့်က ဖြတ်တောက်ထားသော ကျောင်းဆရာ ဦးစောထွန်းမိုး၏ ရုပ်အလောင်းအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့သည်။


သတင်းရင်းမြစ်: BBC Burma

သတင်းရင်းမြစ်: [GRAPHIC] Khit Thit Media


Myanmar Witness သည် ကျောင်းနှင့် ရွာနေရာကို နေရာအတည်ပြုသတ်မှတ်ခြင်း ပြုလုပ်ခဲ့သည်။

ရွာ၏ ကိုသြဒိနိတ်အမှတ်: 21.399000, 94.478996

ကျောင်း၏ ကိုသြဒိနိတ်အမှတ်:21.400753, 94.479275


ပုံ 1- တောင်မြင့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် တွေ့ရသော CDM ဆရာ၏ ရုပ်အလောင်းနှင့် ဦးခေါင်းရှိရာနေရာကို နေရာအတည်ပြုသတ်မှတ်ခဲ့သည်။


အလောင်းကို မတွေ့ရှိမီ တစ်ရက်အလို အောက်တိုဘာလ ၁၆ ရက်နေ့တွင် စစ်တပ်ကကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ သတင်းရင်းမြစ် Khit Thit Media


FIRMS ဒေတာနှင့် ကိုက်ညီမှုမရှိသော်လည်း တောင်မြင့်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့သည်။


ပုံ 2- တောင်မြင့်ရွာဘက်တွင် မီးလောင်နေသော အဖြစ်အပျက်။ ဤဗီဒီယိုကို 21.401250၊ 94.486905 အနောက်ဘက်ကိုမျက်နှာမူပြီး ရိုက်ယူခဲ့ခြင်းဖြစ်သည်ဟု Myanmar Witness လေ့လာသုံးသပ်သူများက ယုံကြည်သော်လည်း အပြည့်အစုံ မစစ်ဆေးရသေးပါ။


ထို့အပြင် မီးလောင်နေသော စာသင်ကျောင်းကို အောက်တိုဘာ ၁၆ ရက်က ရိုက်ကူးခဲ့သည့် ဗီဒီယိုကို Myanmar Witness မှနေရာအတည်ပြုသတ်မှတ်ခဲ့သည်။ ဤဗီဒီယိုဖိုင်တွင် ပျက်စီးသွားသော အဆောက်အဦးများ၏ ပထဝီဝင်တည်နေရာသည် ကျောင်း၏ ကိုသြဒိနိတ်များနှင့် ကိုက်ညီပါသည်။


ပုံ 3- မီးလောင်ထားသော အစိမ်းရောင် အဆောက်အဦး၏ပုံများသည် နောက်ခံတွင် ပထဝီဝင်နေရာသတ်မှတ်ထားသော ကျောင်းကိုပြသထားသည်။ (သတင်းရင်းမြစ်- Twitter)


တိုက်ခိုက်မှုအတွင်း ကျောင်းနံရံများပေါ်တွင် ကျန်ရစ်ခဲ့သော ဂရပ်ဖစ်တီစာများကိုလည်း ပုံတွင်တွေ့ရသည်။


ပုံ 4- ဂရပ်ဖစ်တီစာများက 'ပြန်လာခဲ့မယ် ထွက်ပြေးတဲ့ မအေလိုးတွေ'လို့ ရေးထားပါတယ်။ (သတင်းရင်းမြစ်: Twitter)


ဂရပ်ဖစ်တီသည် "ပြန်လာခဲ့မယ် ထွက်ပြေးတဲ့ မအေလိုးတွေ" ဟု ဘာသာပြန်ဆိုနိုင်သည်။ အောက်တိုဘာ ၁၆ ရက်က ပထမဆုံး တိုက်ခိုက်မှုမှ လွတ်မြောက်သွားသူများကို ခြိမ်းခြောက်ထားသည်ဟု ရှင်းရှင်းလင်းလင်း ပြောထားသည်။


နောက်တစ်နေ့ အောက်တိုဘာ ၁၇ ရက်နေ့တွင် ထိုကျောင်း၌ ဆရာ့အလောင်းကို တွေ့ရှိခဲ့သည်။

ကျောင်းဆရာမှာ ဦးစောထွန်းမိုး ဖြစ်သည်။ ညာလက်ရှိ လက်ချောင်းသုံးချောင်းကို လှီးဖြတ်ပြီး ခန္ဓာကိုယ်ပေါ်တွင်တင်ထားပြီး သူ့ခေါင်းကိုဖြတ်ကာ ကျောင်းတံခါး၏ ဆူးထိပ်တွင်ချိတ်ကာ ပြသထားသည်။


ပုံ 5- ခန္ဓာကိုယ်နှင့် ကွဲကွာနေသော လူတစ်ဦး၏ဦးခေါင်းကို ကျောင်းတံခါးဝတွင် ထားရစ်ခဲ့သည်။ (သတင်းရင်းမြစ်- Twitter)


ပုံ 6- တောင်မြင့်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၏ ကျောင်းတံခါးဝတွင် တွေ့ရ‌သောဦးခေါင်း

ပုံ 7- ထိုကျောင်းနံရံပေါ်ရှိ ဂရပ်ဖစ်တီစာများ၏ တည်နေရာကို သတ်မှတ်အတည်ပြုခြင်း။ (သတင်းရင်းမြစ်: Telegram)


Myanmar Witness သည် ဤကြောက်မက်ဖွယ်ဖြစ်ရပ်များကို ဆက်လက်စုံစမ်းနေပါသည်။

အကြမ်းဖက်မှုများ တိုးမြင့်လာမှုကို Myanmar Witness က ဆက်လက်စုံစမ်းနေချိန်တွင် ဤဖြစ်ရပ်၏ ကြိုတင်ပြင်ဆင်ထားပြီး ရက်စက်ကြမ်းကြုတ်သော သဘောသဘာဝနှင့် လက်သုံးချောင်းကိုဖယ်ရှားခြင်း၏ နောက်ကွယ်ရှိသဘောသဘာဝများက ဤဖြစ်ရပ်ကို အထူးစိုးရိမ်စရာ ဖြစ်စေသည်။


သင့်တွင် ဤဖြစ်ရပ်နှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များရှိပါက (သို့မဟုတ်) ထိုဖြစ်ရပ်ကဲ့သို့ အခြားသောဖြစ်ရပ်များရှိလျှင် ထိုသို့လုပ်ဆောင်ရန် အန္တရာယ်ကင်းပါ ကျွန်ုပ်တို့၏ လုံခြုံသောပုံစံမှတစ်ဆင့် အထောက်အထားများ အပ်လုဒ်လုပ်ပါ။


uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

JOIN OUR MAILING LIST

Subscribe to our emails for in-depth reports, event invites and our monthly round-up newsletter.
Which emails would you like to recieve?

Myanmar Witness is implemented via the Centre for Information Resilience

©2021 Myanmar Witness

Privacy & Legal

bottom of page