top of page

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်လူပုဂ္ဂိုလ်တွေက ဆန္ဒပြသူများကို ရိုက်နှက်ခဲ့ခြင်း

Myanmar Witness

27 Feb 2023

Report Published:

5.png
4.png
3.png

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်လူပုဂ္ဂိုလ်တွေက ဆန္ဒပြသူများကို ရိုက်နှက်ခဲ့ခြင်း


Myanmar Witness

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်-

 

အစီရင်ခံစာ ၁- အာဏာသိမ်းပြီးနောက် လူတစ်ဦးချင်းစီအား ရဲနှင့်စစ်တပ်မှ နှောင့်ယှက်မှုနှင့် နှိပ်စက် ညှဉ်းပန်းမှု (အစီရင်ခံစာတွဲ)

 

အဓိကဖြစ်ရပ်အသေးစိတ်

  • အခင်းဖြစ်ပွားရာတည်နေရာ- မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီး [22.105255, 95.137446]

  • ဖြစ်ပွားသည့်ရက်စွဲ/အချိန်- ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက်

  • စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု-


    - လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များနှင့် SAC စစ်သား အများအပြား


    - အရပ်ဝတ်နဲ့ ယောက်ျားတော်တော်များများ

  • စုံစမ်းစစ်ဆေးမှု အကျဉ်းချုပ်-


    - လက်နက်ကိုင်ရဲများနှင့် စစ်သားများအပြင် အရပ်ဝတ်အမျိုးသားများနှင့် ထွက်ပြေးနေသည့် လက်နက်မဲ့ လူနှစ်ဦးကို တုတ်များအသုံးပြု၍ လိုက်ဖမ်းနေသည့်ဗီဒီယိုဖိုင်ကို  Myanmar Witness က စစ်ဆေးအတည်ပြုခဲ့သည်။


    - အဆိုပါဗီဒီယိုဖိုင်၌ ရိုက်နှက်မှုများဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့နှင့်အရပ်သားများအကြား ညှိနှိုင်းဆောင် ရွက်မှုကို ညွှန်ပြနေသည်။


    - အဆိုပါဗီဒီယိုဖိုင်တွင် စစ်တပ်၏ ခြေမြန်တပ်မ ၁၀၁ မှတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားမှုကို ရိုက်ကူးနေသောလူများကို သေနတ်ဖြင့်ချိန်နေခြင်းကို ပြသထားသည်။

 

စီမံကိန်း၏အဓိကအချက်အလက်များ


 ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှစ၍ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလများတွင် လူတစ်ဦးချင်းစီအပေါ် ရဲနှင့်စစ်တပ်က အကြမ်းဖက်သည့်ဗီဒီယိုဖိုင်ကို Myanmar Witness က မှတ်တမ်းတင်ပြီး အတည်ပြုခဲ့သည်။ ဤအစီရင်ခံစာအသေးစားသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် သီးခြားဖြစ်ရပ်ငါးခုကို မှတ်တမ်းတင်ထားသည်။ ဖြစ်စဥ်၏ပထမအစီရင်ခံစာသည် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး [22.10525595.137446]ရှိ အဖြစ်အပျက်များကို အလေးထားတင်ပြထားသည်။


 

စီးရီးရှိဖြစ်ရပ်လေ့လာမှုများတွင် ရဲနှင့်တပ်မတော်သားများက ဖမ်းဆီးထားသည်များအပါအဝင် လက် နက်မဲ့သူများကိုရိုက်နှက်ခြင်း၊ ဆေးဘက်ဆိုင်ရာ အလုပ်သမားများအားနှောင့်ယှက်ခြင်း၊ ခြိမ်းခြောက် ခြင်း၊ ဖမ်းဆီးခြင်းနှင့် ယုတ်ညံ့စွာပြုမူခြင်းဖြင့် ထိခိုက်စေခြင်းတို့ပါဝင်သည်။ ထို့အပြင် ဖြစ်စဉ်နှစ်ခုတွင် အဆင့်လိုက် ရဲအရာရှိများကို ဖော်ထုတ်တွေ့ရှိခဲ့သည်။

 

ဤဖြစ်ရပ်ကိုလေ့လာရာတွင် Myanmar Witnessသည် အရပ်ဝတ်နှင့် ဆန္ဒပြသူများဟုယူဆရသည့် လက်နက်မဲ့လူနှစ်ဦး(သို့မဟုတ်) ဆန္ဒပြပွဲဘေးမှရပ်နေသူများနှင့် ရေအမြောက်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဆီကနေ ရှောင်ပြေးလာတဲ့ဗီဒီယိုဖိုင်ကို အတည်ပြုခဲ့သည်။ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများအပြင် အရပ်ဝတ်ဝတ်ဆင်ထားသော အမျိုးသားအများအပြား သည် ထွက်ပြေးလွတ်မြောက်လာသူနှစ်ဦးနှင့် လက်နက်မဲ့လူနှစ်ဦးကို တုတ်များအသုံးပြု၍ လိုက်ဖမ်း နေသည်ကို တွေ့မြင်ရသည်။

 

ပုံ- ဤပုံများသည် ပထမဗီဒီယိုမှကောက်နှုတ်ထားပြီး လမ်းသွားလမ်းလာတစ်ဦးကိုကိုင်ထားစဉ် အရိုက်ခံရသူများထဲမှ တစ်ဦးကိုပုံဖော်ထားသည်။

 

ပုံ- ဒုတိယဗီဒီယိုမှ ကောက်နှုတ်ထားပြီး ရဲတပ်ဖွဲ့နှင့်တပ်မတော်သားများ ရိုက်နှက်ခံရသည့် လက်နက်မဲ့တစ်ဦးကို ပြသထားသည်။ ဒုတိယပုံတွင် ရဲနှင့်စစ်တပ်မှ ရိုက်နှက်ခြင်းခံရစဉ် မြေပြင်ပေါ် တွင် လူတစ်ဦးကိုပြသထားသည်။

 

ဗီဒီယိုများတွင် အရပ်ဘက်အဝတ်အစား ၀တ်ထားသောရဲများနှင့် လူတစ်ဦးချင်းအကြား ညှိနှိုင်း ဆောင်ရွက်မှုကို ပြသသည်။ သို့သော်လည်း ဤဖြစ်ရပ်လေ့လာချက်မှ ပုဂ္ဂိုလ်များနှင့် ပတ်သက်မှုရှိမရှိ၊ ညှိနှိုင်းဆောင်ရွက်နေသည် သို့မဟုတ် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လျှို့ဝှက်ထောက်လှမ်းခြင်း ရှိ၊ မရှိ အတိအကျ မသိရှိရပေ။

 

ပုံ- ပထမဗီဒီယိုမှ ရုပ်ပုံအားကောက်နုတ်ထားပြီး အရပ်ဘက်အဝတ်အစားဝတ်ထားသူ တစ်ဦးသည် စစ်သားများနှင့် ဆက်သွယ်နေနိုင်သည်ကို ပြသထားသည်။

 

ဗီဒီယိုဖိုင်တွင် ရှင်းလင်းစွာမြင်ရသော ရာထူးအဆင့်နှင့် အဆောင်အယောင်များကို ခွဲခြမ်းစိတ်ဖြာခြင်း ဖြင့် ဤအကြမ်းဖက်မှုတွင် လုံထိန်း (အဓိကရုဏ်းလုံခြုံရေးတပ်ဖွဲ့)၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်သားများနှင့် အမှတ် (၁၀၁) ခြေမြန်တပ်မ တို့ထံတွင် တာဝန်ရှိသည်ဟုယူဆပါသည်။

 

 

ပုံ- အခင်းဖြစ်ပွားရာကို ရိုက်ကူးနေသူအား ခြိမ်းခြောက်နေသည့် စစ်သားနှစ်ဦး၏ ဘယ်ဘက်လက်မောင်းများကို ပြသထားသည့် ဒုတိယဗီဒီယိုမှ ကောက်နုတ်ချက်။ ပုံ 31- Wikipedia မှ ရင်းမြစ်နှင့် မြန်မာစစ်တပ်နှင့်နှီးနွယ်သော VK အကောင့်မှ ရင်းမြစ်သည် ၁၀၁ ခြေလျင်တပ်ရင်းနှင့် ကိုက်ညီသော အဆောင်အယောင်ကို ပြထားသည်။

 

လူတစ်ဦးချင်းစီ၏ ဦးခေါင်း၊ လက်မောင်းနှင့် ခန္ဓာကိုယ်တို့ကို တုတ်များဖြင့်ရိုက်နှက်ပြီး ၎င်းတို့အနက်မှ တစ်ဦးမှာ ဆက်ခက်မခံနိုင်ဖြစ်နေပြီး သူ့အတွက်ထမ်းစင်ကိုယူဆောင်လာသည်။ ဒီဖြစ်ရပ်ကို ရိုက်ကူးနေသည့် သူကိုလည်း ခြေမြန်တပ်မ ၁၀၁ က စစ်သားများမှ သေနတ်နဲ့ချိန်ထားသည်ကိုလည်း ပြသထားပါတယ်။

 

စုံစမ်းစစ်ဆေးမှု အပြည့်အစုံကို ဖတ်ရန် အင်္ဂလိပ်ဘာသာ အစီရင်ခံစာ PDF ကို ဒေါင်းလုဒ်လုပ်ပါ။

 

၎င်းတို့သည် လုံးလုံးလျားလျားပြီးပြည့်စုံဖြင်း မရှိသော်လည်း ရဲတပ်ဖွဲ့နှင့် စစ်တပ်၏ရက်စက် ကြမ်းကြုတ်မှုနမူနာများကို ၎င်းတို့ပေါ်ပေါက်လာချိန်မှစ၍ နှစ်နှစ်ကြာအထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ မကြယ်စင် (အိန်ဂျယ်) နှင့် ဒေါ်တင်နွဲ့ရီ အပါအဝင် အမျိုးသမီး ဆန္ဒပြသူအများအပြား သေဆုံးခဲ့သည့် အဖြစ်အပျက်များအပါအဝင် မြောက်ဥက္ကလာပပဲခူးနှင့် လှိုင်သာယာတို့တွင် ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုများကို မှတ်တမ်းတင်ထားခဲ့သည့် အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့နှင့် စစ်တပ်မှနှောင့်ယှက်မှုဆိုင်ရာ အခြားဖြစ်ရပ်များကို Myanmar Witness ကမှတ်တမ်းတင် ထားပါသည်။

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

JOIN OUR MAILING LIST

Subscribe to our emails for in-depth reports, event invites and our monthly round-up newsletter.
Which emails would you like to recieve?

Myanmar Witness is implemented via the Centre for Information Resilience

©2021 Myanmar Witness

Privacy & Legal

bottom of page