top of page

အရပ်သားခြောက်ဦးကိုသတ်ကာ အိမ်သာကျွင်းထဲ၌ပစ်ထားခဲ့ကြသည်

Myanmar Witness

5 Apr 2022

Report Published:

5.png
4.png
3.png

အစီရင်ခံစာကို ၂၀၂၂ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ထုတ်ဝေသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က လွိုင်ကော်မြို့နယ် ရေယိုကျေးရွာ အိမ်သာကျွင်းထဲ၌ အလောင်း ခြောက်လောင်းတွေ့ရှိမှုကို စုံစမ်းဖော်ထုတ်ခဲ့သည်။

အဓိကအချက်အလက်များ

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တိုက်ခိုက်မှုအပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က လွိုင်ကော်မြို့ ရေယိုကျေးရွာ အိမ်သာတွင်း၌ အလောင်းခြောက်လောင်းတွေ့ရှိမှုကို စုံစမ်းဖော်ထုတ်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် အသုံးပြုသူ-ထုတ်ပေးသည့် အကြောင်းအရာ (UGC)သည် ပထဝီဝင်နေရာ အတည်ပြုခြင်း၊ အချိန်အတည်ပြုခြင်းပြုလုပ်နိုင်ရန် ထောက်ပံ့ပေးပြီး သတ်ဖြတ်မှုများကိုစိစစ်ရန် ခွဲခြမ်းစိတ်ဖြာခဲ့သည်။ အဆိုပါနယ်မြေအတွင်း ယင်းကာလတွင် စစ်တပ်၏လူသိများသော စစ်ဆင်ရေးများကြောင့် အသက် ၁၈ နှစ်အောက် အမျိုးသား ၂ ဦးနှင့် ယောက်ျားလေး ၄ ဦး သေဆုံးမှုတွင် ပါဝင်ပတ်သက်ကြောင်း ၎င်းတို့ပါဝင်ပတ်သက်နေသည်ဟု ယုံကြည်စေပါတယ်။


အကျဥ်းချုပ်

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် တပ်မ ၅၅ နှင့် တပ်မ ၉၉ တို့မှ တပ်ဖွဲ့များကထိုးစစ်ဆင်ခဲ့သည်ဟု ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ စစ်သားများအား နာနတ်တောရပ်ကွက်အနီး ရေယိုကျေးရွာသို့ ခေါ်ယူခဲ့ပြီး ဒုက္ခသည်စခန်းမှ ပြန်လည်ရောက်ရှိလာသည့် သက်ကြီးရွယ်အိုနှစ်ဦးအပါအဝင် အရွယ်မရောက်သေးသူလေးဦး စုစုပေါင်းဒေသခံခြောက်ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။ တိုက်ခိုက်သူများ သည် ၎င်းတို့ကို ရိုက်နှက်ပြီးသေနတ်ဖြင့်ပစ်သတ်ကာ အိမ်၏အပြင်ဘက် အိမ်သာကျွင်းထဲသို့ ပစ်ချခဲ့သည်ဟုလည်း အခိုင်အမာဆိုသည်။ ဇန်န၀ါရီလ ၂၇ ရက်နေ့ က ရေယိုဒေသမှဒေသခံတစ်ဦးမှ ကယ်ဆယ်ရေးစခန်းမှပြန်လာချိန်တွင် အိမ်သာတွင်း၌ အလောင်းများတွေ့ရှိခဲ့သောကြောင့် လူမှုကူညီရေးအသင်းအဖွဲ့သို့ ဖုန်းဆက်ခဲ့သည်။

Than Lwin Khet News ၏အဆိုအရ အဆိုပါခြောက်ဦးသည် နေရပ်ပြန်လိုခြင်းကြောင့် စခန်းမှ ပြန်လာခဲ့ကြောင်း၊ သို့သော်လည်း စစ်တပ်က ရောက်ရှိလာသူမှန်သမျှကို သတင်းပို့ရန် ရွာရှိဒလန် (သတင်းပေး) တစ်ဦးကိုပြောခဲ့သည်။ သတင်းရရှိပြီးနောက် စစ်သားများရောက်ရှိလာပြီး ဖမ်းဆီး ရိုက်နှက်ကာ ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ဒေသခံလူမှုကူညီရေးအသင်း "ရွှေညောင်ပင်" အဖွဲ့မှ အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး အလောင်းများကို မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်။ ဤအဖွဲ့၏အဖွဲ့ဝင်များသည် တွေ့ရှိချက်များကို မှတ်တမ်းတင်ကာ လူမှုမီဒီယာတွင်ပုံများကို တင်ခဲ့ကြသည်။ “အလောင်းတွေရဲ့ ခြေထောက်နဲ့ လက်ကောက်တွေကျိုးသွားသလို မျက်နှာနဲ့ပါးစပ်မှာလည်း ပြတ်ရှဒဏ်ရာတွေအပြင် အလောင်းတွေမှာ ကျည်ထိမှန်တဲ့ဒဏ်ရာတွေလည်း တွေ့ခဲ့တယ်” ဟု လူမှုကူညီရေးအသိုင်း အဝိုင်းက ပြောသည်။ Facebook မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များကိုအခြေခံ၍ အလောင်းခြောက်လောင်းအနက် လေးလောင်းမှာ အသက် 18 နှစ်အောက်အရွယ်မရောက်သေး သူများ ဖြစ်သည်ဟုဆိုသည်။ ၎င်းတို့ကို ခူးယူဂျင်၊ ကျော်ကျော်၊ ဂျွန်ပေါနှင့် ဒေးလ်အဖြစ် ပို့စ်တစ်ခုတွင် အမည်တွေတွေ့ရသည်။ လူသတ်မှုများအပြင် အနည်းဆုံးအိမ်တစ်လုံးလုယက်ခံ ခဲ့ရသည်။ အတည်မပြုနိုင်သေးသော်လည်း ၎င်းသည် အိမ်သာ၏ခြံဝင်းအတွင်းရှိ အိမ်ဖြစ်သည်ဟု ယူဆရသည်။ သေနတ်သံတွေကြားရပြီး ကျည်ဆံတွေမြေပြင်မှာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Myanmar Witness သည် မှုခင်းပုံရိပ်မှတ်တမ်းများကိုအခြေခံ၍ နေရာသတ်မှတ် အတည်ပြုခြင်း ပြုလုပ်ရာ ကိုသြဒိနိတ် 19.709889, 97.189272 တွင်တွေ့ရပါသည်။ အလောင်းမြှုပ်နှံထားတဲ့ နေရာကိုလည်း နေရာသတ်မှတ် အတည်ပြုခြင်းပြုလုပ်ရာ ကိုသြဒိနိတ် 19.624199,97.248802 တွင်တွေ့ရပါသည်။


နည်းစနစ်

Myanmar Witness တွင် ကျွန်ုပ်တို့နည်းစနစ်၏ ခြုံငုံသုံးသပ်ချက်ကို ကြည့်ပါ။


ကန့်သတ်ချက်များ

ဤအစီရင်ခံစာကိုကောက်ချက်ချရန်အတွက် ရရှိနိုင်သောမူရင်း UGC နမူနာငယ်သာရှိသောကြောင့် ကန့်သတ်ချက်ရှိသည်။ အဖြစ်အပျက်အချို့ကို မီးမောင်းထိုးပြရန်ရည်ရွယ်ချက်ဖြင့် ပုံအများအပြား ကို အပ်လုဒ်လုပ်ထားသော်လည်း ၎င်းတို့သည် ရှင်းလင်းတင်ပြမှုမရှိဘဲ ရောက်ရှိလာသောကြောင့် စိစစ်ရေးလုပ်ငန်းစဉ်၏ ပိုခက်ခဲစေသည်။

Myanmar Witness မှရရှိသောအချက်အလက်များသည် ပဋိပက္ခဖြစ်ပွားနေသည့်ဒေသမှ ရရှိ လာခြင်းဖြစ်သည်။ ထို့ကြောင့် ရရှိလာသောအချက်အလက်များသည် ရွေးထုတ်ရာတွင် ဘက်လိုက်မှုရှိခြင်း၊ အင်တာနက်ရရှိမှု၊ အပ်လုဒ်တင်ခြင်းအတွက် ဂယက်ရိုက်လာမည်ကို ကြောက်ရွံ့ခြင်းနှင့် တရားဝင်သတင်းရင်းမြစ်များမှ အချက်အလက်မရရှိနိုင်ခြင်း စသည်ဖြင့် ယူဆရသည်။ Myanmar Witness သည် ဤဘက်လိုက်မှု၏သက်ရောက်မှုများကို လျှော့ချရန်နှင့် အရင်းအမြစ်များစွာမှ အချက်အလက်များစွာကို စုဆောင်းရရှိကြောင်း သေချာစေရန်အတွက် လူမှုမီဒီယာတစ်လျှောက်တွင် အာရုံစူးစိုက်ကာ ဘာသာစကားမျိုးစုံဖြင့် ကျယ်ပြန့်သော ရှာဖွေမှုများကိုပြုလုပ်ခဲ့ပြီး ရင်းမြစ်အမျိုးမျိုးမှအချက်အလက်များစွာကို စုဆောင်းရရှိကြောင်း သေချာစေရန် ပြုလုပ်သည်။

အရေးကြီးသည်မှာ UGC သည် သတ်ဖြတ်ခြင်း (သို့မဟုတ်) နောက်ဆက်တွဲဖြစ်ပွားသည့် အလောင်းများကို ပစ်ထားခဲ့ခြင်းများကို သရုပ်ဖော်ထားခြင်းမရှိကြောင်းနှင့် ထိုကဲ့သို့သောဗီဒီယိုများ တည်ရှိနိုင်သည်ဆိုသည်ကိုလည်း မသိနိုင်ပါ။ ထိုနေရာတွင်ရှိခဲ့သောသူများမှတဆင့် နားလည်မှုနှင့် ရရှိနိုင်သော အချက်အလက်များမှသာ ကောက်ချက်ချနိုင်ပြီး တိုက်ရိုက်မဆုံးဖြတ်နိုင်ပါ။


သတင်း သို့မဟုတ် ဆိုရှယ်မီဒီယာတွင် သက်သေထွက်ဆိုချက်များမှ ကောက်ချက်ဆွဲခြင်း အများအပြားရှိခဲ့ပြီး ယင်းတို့ကို ရှင်းရှင်းလင်းလင်းဖော်ပြရန်နှင့် ၎င်းအချက်အလက်များကို အတည်ပြုနိုင်ရန် ပြုလုပ်ခြင်းထက် စွပ်စွဲချက်အဖြစ်အစီရင်ခံရန် အလေးထားပါသည်။


အဖြစ်အပျက်၏ အချိန်ဇယားယူဆချက်

- အလောင်းများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် နံနက် ၇နာရီ မှ ၈နာရီ အတွင်း တွေ့ရှိခဲ့သည်။ ဒေသခံအကူအညီပေးရေးအဖွဲ့ဆီဖုန်းဆက်ပြီး သိပ်မကြာခင်မှာပဲ ၎င်းတို့ ရောက်လာတယ်။

- ဒေသခံအကူအညီပေးရေးအဖွဲ့က တွင်းတူးခြင်းနှင့် ရုပ်အလောင်းများပြန်လည်ရရှိခြင်းကို ၁၀နာရီခန့်တွင် ရိုက်ကူးထားသည်။

- အလောင်းများကို မြှပ်နှံမည့်နေရာသို့ သယ်ယူသွားသောပုံကို ၁၁နာရီဝန်းကျင်တွင်ရိုက်ကူး ထားပြီး ဒေသခံမီဒီယာသို့ ၁၂နာရီတွင် ပေးပို့ခဲ့သည်။

- အိမ်သာကျွင်းပုံကို ၁၂နာရီ ၄၅မိနစ်တွင် ထုတ်ဝေသည်။

- သင်္ချိုင်းပုံကို ၁၄နာရီ ၂၃ မိနစ်တွင် ထုတ်ဝေသည်။


အဖြစ်အပျက်ကို ပုံဖော်ကြည့်ခြင်း

မြင်ကွင်းပုံရိပ်များ (ပုံ 1) ကို ခွဲခြမ်းစိတ်ဖြာခြင်းမှ စိတ်ဝင်စားသောဧရိယာ၏ အကြမ်းဖျဉ်းပုံစံ (ပုံ 2) ကို ပုံကြမ်းရေးဆွဲခဲ့သည်။ အိမ်သာသည် ခြံခတ်ထားသော ဧရိယာ၏ထောင့်တွင်တည်ရှိပုံရပြီး နောက်ခံတွင် သစ်ပင်များနှင့် အဆောက်အဦများရှိနေပုံရသည်။


ree

ပုံ 1- အိမ်သာကျွင်းထဲမှ အလောင်းများထုတ်ယူပုံကို Facebook ပေါ်တွင် တင်ထားသည်။

ပုံ 1 တွင် နံရံတစ်ခုသည် ခြံစည်းရိုးနှင့် အပြိုင်ပြေးနေပြီး ခြံစည်းရိုးဧရိယာ၏ထောင့်ကို (အပေါ်ညာဘက်၊ အဝါရောင်မြှား) နှင့်ပုံဖော်ထားသည်။ ခြံစည်းရိုးနောက်တွင် သစ်ပင်ရှိပြီး မြင်ကွင်းတွင် အဆောက်အအုံနှစ်ခုပါရှိသည် (အဆောက်အအုံ A- ညာဘက်အပေါ်ဆုံး၊ အနီရောင်အကွက်နှင့် အဆောက်အအုံ B- ညာဘက်အပေါ်ထောင့်၊ အဝါရောင် စက်ဝိုင်း)။ အဆောက်အဦ A သည် ကျဉ်းမြောင်းနေပုံရပြီး၊ အကြမ်းဖျင်းအားဖြင့် ပြတင်းပေါက်အကျယ် (18 pixels) သည် 1.5m ရှိပြီး၊ အဆောက်အဦး၏အကျယ်အတွက် pixel width (82 pixels) ကိုတွက်ချက်ကာ အကြမ်းဖျင်းအားဖြင့် 7-9m ရှိပါသည်။ အိမ်သာဘေးတွင် သစ်ပင်ငယ် (အစိမ်းရောင် စက်ဝိုင်း) ရှိသည်။ နောက်ခံအပင်များတွင် စိမ်းလန်းသော အရွက်များရှိပြီး မရှည်သဖြင့် ၎င်းတို့သည် အပင်ငယ်စိုက်ခင်းတစ်ခုတွင် ဖြစ်နိုင်သည်ဟုအကြံပြုထားသည်။

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

JOIN OUR MAILING LIST

Subscribe to our emails for in-depth reports, event invites and our monthly round-up newsletter.
Which emails would you like to recieve?

Myanmar Witness is implemented via the Centre for Information Resilience

©2021 Myanmar Witness

Privacy & Legal

bottom of page