top of page

ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်းနှင့် အပိုင်းပိုင်းဖြတ်တောက်ခြင်း

Myanmar Witness

13 May 2023

Report Published:

5.png
4.png
3.png

စစ်ကိုင်းတိုင်းတွင် ဆက်တိုက်ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်ရပ်များ

ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်းနှင့် အပိုင်းပိုင်းဖြတ်တောက်ခြင်း

 

Myanmar Witness

၂၀၂၃ခုနှစ် မေလ ၁၃ရက်နေ့တွင် အစီရင်ခံစာထုတ်ဝေသည်။

စစ်ကိုင်းတိုင်းတွင် ဆက်တိုက်ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်ရပ်များ

 

သတိပေးချက်- ဂရပ်ဖစ်- ဤအစီရင်ခံစာတွင် မနှစ်မြို့ဖွယ်ကောင်းသောပုံများနှင့် အွန်လိုင်းတွင် မျှဝေထားသော ဂရပ်ဖစ်ပုံများနှင့် လင့်ခ်များပါရှိသည်။ အသေးစိတ်ကို မှုန်ဝါးအောင် ဆောင်ရွက်ထား သော်လည်း အစီရင်ခံစာတွင် အချို့သောစာဖတ်သူများ စိတ်မချမ်းမြေ့ဖွယ်ရာတွေ့နိုင်စေမည့် အချက်အလက်များပါရှိသည်။

 

အစီရင်ခံစာအပြည့်အစုံကို ဖတ်ရှုရန် PDF ကို ဒေါင်းလုဒ်ရယူနိုင်ပါသည်။

 

အဓိကဖြစ်ရပ်အသေးစိတ်

  • အဖြစ်အပျက်တည်နေရာ-

၁။ အရာတော်မြို့နယ်၊ မလဲသာကျေးရွာ (22.115030, 95.455742)

၂။ မြင်းမူမြို့နယ်၊ ပဒတ္တိုင်းကျေးရွာ (22.074770, 95.448303)

၃။ မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာ (22.027901,95.569941)

၄။ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာ (21.933220, 95.644867)

၅။ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာ (21.87949944, 95.48097992)

၆။ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာ (21.79330063, 95.3681488)

၇။ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာ (22.72942924, 95.67418671)

၈။ ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာ (22.53455925, 95.68533325)

 

  • ဖြစ်ပွားသည့်နေ့/အချိန်-

    • ၂၀၂၃ ဖေဖော်ဝါရီ ၂၃ရက် မှ ဧပြီလ ၂ရက် အကြား ဖြစ်ရပ်များစွာ

 

  • စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်မှု-

    • မိတ္ထီလာအခြေစိုက် ၉၉ ခြေမြန်တပ်မ

    • တပ်မမှူး- ဗိုလ်ချုပ်သန်းထိုက်

    • အမှတ် ၈ စစ်လေ့ကျင့်ရေးကျောင်း၊ ရွှေဘိုမြို့နယ်

 

စုံစမ်းစစ်ဆေးမှု အကျဉ်းချုပ်-

 

  • စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ရှစ်ခုနှင့်ပတ်သက်သည့် စွပ်စွဲချက်များကို Myanmar Witness က စုံစမ်းစစ်ဆေးခဲ့သည်။ အဆိုပါဖြစ်ရပ် ခြောက်ခုတွင် အနည်းဆုံး လူတစ်ဦးကို ခေါင်းဖြတ်သတ်ခြင်းတို့ပါဝင်သည်။

  • တာတိုင်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကြောင့် ခေါင်းဖြတ်ခံရသူ တစ်ဦးအပါအဝင် လူ ၁၇ ဦး သေဆုံးခဲ့သည်။

  • စုံစမ်းစစ်ဆေးမှု ၈ မှုတွင် အနည်းဆုံး လူ ၃၃ ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ခေါင်းဖြတ်ခံခဲ့ရ ကြောင်း Myanmar Witness က တွေ့ရှိခဲ့သည်။

  • Myanmar Witness မှ စိစစ်ရန်ဖြစ်နိုင်သော အပိုင်းပိုင်းပြတ်တောက်ပြီး ခေါင်းဖြတ်ခံ ထားရသည့် အလောင်းများကို ပြသသည့် ရုပ်ပုံများအပါအဝင် အဆိုပါ ဖြစ်ရပ်များနှင့် ဆက်စပ်နေသည့် ပုံများနှင့် ဗီဒီယိုမှတ်တမ်းများကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ မြောင်မြို့အနီးတွင် ခေါင်းဖြတ်အသတ်ခံရသည့် ဗီဒီယိုကိုလည်း Myanmar Witness မှ ကဖော်ထုတ်တွေ့ရှိခဲ့ပြီး နေရာသတ်မှတ်အတည်ပြုခဲ့သည်။

  • ဗိုလ်ချုပ်သန်းထိုက်၏ ကွပ်ကဲမှုအောက်တွင်ရှိသော ခြေမြန်တပ်မ ၉၉ က ဖြစ်စဉ်ခြောက်ခုအတွက် တာဝန်ရှိသည်ဟု သတင်းရင်းမြစ်များစွာကဆိုကြသည်။

  • ရွှေဘိုမြို့နယ် အမှတ် (၈) စစ်လေ့ကျင့်ရေးကျောင်း လုံခြုံရေးအုပ်ချုပ်ရေးကောင်စီ (SAC) မှ သံဘိုကျေးရွာ (အဖြစ်အပျက် ၇)ခေါင်းဖြတ်သတ်ခြင်းကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

  • SAC စစ်သားများကိုပြသထားသည့်ပုံများကို အတည်ပြုနိုင်သော်လည်း လက္ကပင် ကျေးရွာရှိ ဖြစ်ရပ်များနှင့်ဆက်စပ်၍ အတည်မပြုနိုင်ပါ။

  • SAC သည် တာတိုင်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် SAC စစ်သားများတွင် တာဝန်ရှိ ကြောင်းဝန်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

ဖြစ်စဥ်အသေးစိတ်အနှစ်ချုပ်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အတွင်း မြန်မာစစ်တပ်စစ်ကြောင်းသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းသွားလာကာ ကျေးရွာအများအပြားတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ Myanmar Witness မှ အတည်ပြုရန်ဖြစ်နိုင်ခြေရှိသည့် နှိပ်စက်ညှဉ်းပန်းခြင်း၊ ခေါင်းဖြတ်ခြင်းနှင့် အပိုင်းပိုင်းဖြတ်တောက်ခံထားရသော အလောင်းများကို ပြသသည့် အဆိုပါဖြစ်ရပ်များနှင့် ဆက်စပ်နေသည့် ပုံရိပ်များနှင့် ဗီဒီယိုမှတ်တမ်းများကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ စုံစမ်းစစ်ဆေးမှု ၈ မှုတွင် အနည်းဆုံး လူ ၃၃ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ခေါင်းဖြတ်ခံခဲ့ရကြောင်း Myanmar Witness က တွေ့ရှိခဲ့သည်။

 

ဤအစီရင်ခံစာသည် အောက်ပါဖြစ်ရပ်များနှင့်သက်ဆိုင်သည့် ပြောဆိုမှုများကို စုံစမ်းစစ်ဆေးခဲ့သည်-

၁။ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်တပ်များကျုးကျော်မှု- မလဲသာ

၂။ မြန်မာစစ်တပ်ဝင်ရောက်စီးနင်းမှု- ပဒတ္တိုင်း

၃။ ခေါင်းဖြတ်သတ်ခြင်း - ကန်တော်

၄။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ခေါင်းဖြတ်ခြင်း - တာတိုင်

၅။ ချုပ်နှောင်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းနှင့် ခေါင်းဖြတ်သတ်ခြင်း - လက္ကပင်

၆။ ခေါင်းဖြတ်သတ်ခြင်း - ဆွဲလွဲအို

၇။ ခေါင်းဖြတ်သတ်ခြင်း- သံဘို

၈။ ခေါင်းဖြတ်သတ်ခြင်း၊ အပိုင်းပိုင်းဖြတ်တောက်ခြင်းနှင့် မုဒိမ်းမှု- တဂဏန်း

 

စစ်ကိုင်းတိုင်းဒေသကြီးသည် အာဏာသိမ်းပြီးချိန်မှစ၍ တော်လှန်ရေး၏ အချက်အခြာဖြစ်ခဲ့သည်။ အဆိုပါ အတည်ပြုရန်ဖြစ်နိုင်သည့် ဖြစ်ရပ် ၈ ခုကို Myanmar Witness မှ ဖော်ထုတ်ပြီး ကျူးလွန်သူများ၏ အလွန်အကျွံအကြမ်းဖက်မှုပုံစံကို ပြသထားသည်။ ဤအမှုအတော်များများတွင် လူတစ်ဦးချင်းစီသတ်ဖြတ်ခံရပြီး ခေါင်းဖြတ်ခံခဲ့ရသည်။ ခေါင်းဖြတ်သတ်ခြင်းများသည် ရည်ရွယ်ချက် ရှိသည်ဟု မဆိုလိုနိုင်သော်လည်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူတို့အတွက် ကြီးမားပြီး ကြောက်မက်ဖွယ်ရာ သတိပေးချက်ပင်ဖြစ်သည်။

 

ပုံ- အဖြစ်အပျက်များ၏ တည်နေရာကိုပြသသည့် မြေပုံများ

 

Myanmar Witness သည် အခင်းဖြစ်ပွားရာနေရာ၌ စစ်သားများကိုပြသသည့် အသုံးပြုသူဖန်တီးသည့် အကြောင်းအရာ (UGC) မရှိခြင်းကြောင့် အဆိုပါဖြစ်ရပ်များကျူးလွန်သူများနှင့် တိကျသောတပ်ရင်းအား အပြည့်အ၀အတည်မပြုနိုင်သေးသော်လည်း UGC မှ အဆိုပါဖြစ်ရပ်များ၏ နောက်ဆက်တွဲရလဒ်များကို ထုတ်ဖော်ပြသခဲ့သည်။


ဗိုလ်ချုပ်သန်းထိုက်၏ ကွပ်ကဲမှုအောက်တွင်ရှိသော ခြေမြန်တပ်မ ၉၉ က ဖြစ်စဉ် ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ၆ တို့တွင် တာဝန်ရှိသည်ဟု သတင်းရင်းမြစ်များစွာက ဆိုကြသည်။ သံဘိုကျေးရွာ (ဖြစ်စဥ် ၇) ခေါင်းဖြတ်ခံရမှုတွင် ရွှေဘိုမြို့နယ် အမှတ် ၈ စစ်လေ့ကျင့်ရေးကျောင်း လုံခြုံရေးစီမံအုပ်ချုပ်ရေး ကောင်စီ (SAC) မှ ဆောင်ရွက်ခဲ့သည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။ တဂဏန်းကျေးရွာ ဖြစ်စဉ် (၈)မှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများမှဆိုသည်။ သို့သော်လည်း အဆိုပါအဆိုများကို Myanmar Witness မှ အတည်မပြုနိုင်သေးပါ။

 

လက္ကပင်ကျေးရွာ (ဖြစ်စဥ် ၅) တွင် SAC တပ်ဖွဲ့ဝင်များကို ရည်ညွှန်းထားသည့်ပုံများကို Myanmar Witness က ဖော်ထုတ်ခဲ့သည်။ ထို့အပြင် တာတိုင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် SAC စစ်သားများတွင်တာဝန်ရှိသည်ဟု ဝန်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၎င်းသည် ဖြစ်စဥ်၏အနီးနားတွင် စစ်သားများကို‌တွေ့ရသောကြောင့် ဤအကြမ်းဖက်တိုက်ခိုက်မှုများအတွက် SAC တွင် တာဝန်ရှိသည်ဟူသော ဖြစ်နိုင်ခြေကိုတိုးစေသည်။ သို့သော်လည်း SAC သည် ဤဖြစ်ရပ်များအားလုံး အတွက် တာဝန်ရှိကြောင်း Myanmar Witness မှ အတည်ပြုပေးနိုင်သည့် အသုံးပြုသူဖန်တီးသည့် အကြောင်းအရာ UGC မရှိပါ။

 

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်တပ်မှ ရွှေဘို ၊ ဝက်လက် နှင့် အရာတော်မြို့နယ်များတွင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါသည်။ တွေ့ရှိရသည့် ရုပ်အလောင်းအများစုသည် PDF ၏ အစိတ်အပိုင်းဖြစ်ကြောင်း Pro-SAC မီဒီယာမှ ဖော်ပြခဲ့သည်။ ဤမီဒီယာ ရေးသားချက်များတွင် SAC တပ်ဖွဲ့များသည် "ငြိမ်းချမ်း ရေးလိုအပ်မှု" ကြောင့် PDF များရှိသောဧရိယာအား "နယ်မြေရှင်းလင်းခဲ့သည်" ဟု ဆိုထားသည်။

 

ဤအစီရင်ခံစာသည် ပြင်းထန်သောဖြစ်ရပ်များကို ဆက်တိုက်မှတ်တမ်းတင်ထားသော်လည်း ၎င်းသည် အပြည့်အစုံမဟုတ်ပေ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခေါင်းဖြတ်သတ်မှုနှင့် ရက်စက်ကြမ်းကြုတ် မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ Myanmar Witness သည် အဆိုပါပြောဆို ချက်များကို ဆက်လက်စောင့်ကြည့်ပြီး စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။

 

အစီရင်ခံစာအပြည့်အစုံကိုဖတ်ရှုရန် PDF ကိုဒေါင်းလုဒ်ရယူနိုင်ပါသည်။ သို့သော် သတိပေးချက်- စိတ်မချမ်းမြေ့ဖွယ်ရာတွေ့နိုင်စေမည့် အချက်အလက်များပါရှိသည်။

 

uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading

JOIN OUR MAILING LIST

Subscribe to our emails for in-depth reports, event invites and our monthly round-up newsletter.
Which emails would you like to recieve?

Myanmar Witness is implemented via the Centre for Information Resilience

©2021 Myanmar Witness

Privacy & Legal

bottom of page